Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

လပြည့်ည

လပြည့်ည
ဒီညဟာ အလွန်တရာမှ
တန်ဖိုးရှိတဲ့ ဆေးပေါင်းခတဲ့ညပေါ့
မနက်ဖြန်ဆိုရင်
သူငယ်(လမင်း)ဟာ
နေရပ်ဆီကို ပြန်သွားရတော့မယ်
အခုညမှာတော့
ခေါင်မိုးတွေကို သူ့ရဲ့အေးမြမူတွေနဲ့
ဆေးခြယ်သထားတယ်
အိမ်တွေ  လမ်းတွေ ကိုလည်းသူ့ရဲ့
အေးမြတဲ့အလင်းရောင်လေးနဲ့
ဆေးခြယ်မယ်
ပြီးတော့ ငါတို့ရဲ့
မြို့ကလေးတစ်ခုလုံးကိုလည်း
သူ့ရဲ့အေးမြတဲ့အလင်းရောင်တွေနဲ့
ဆေးခြယ်သထားပြန်ရော
ဒါပေမယ့်
တောင်ကုန်း၊ သစ်တော၊ မြစ်ချောင်းနဲ့
ကောင်းကင်ကိုတော့
သဘာဝအတိုင်းပဲ ထားလိမ့်မယ်
ကြည့်စမ်းပါအုန်း
ငါတို့ရဲ့  မြို့လေးမှာ လူတွေလူတွေ
ပျားပန်းခတ်တမျှ  သက်ဝင်လှုပ်ရှားနေကျတယ်
တစ်ချို့တစ်ချို့တွေကလည်း ဘုရားဖူးလို့
တစ်ချို့တစ်ချို့တွေကလည်း
မြတ်ဗုဒ္ဓအတွတ်ရည်စူးရက်လုပ်တဲ့
မသိုးသင်္ကန်ရက်လုပ်ပွဲကို စိတ်အားထက်သန်
အားပေးနေကျပြန်ရော
တစ်ချို့တစ်ချို့တွေကလည်း
ပွဲဈေးတန်းမှာ သက်ဝင်လှုပ်ရှားနေကျတယ်
အဲဒီမြင်ကွင်းကို လရောင်ရဲ့အောက်မှာ
မြင်တွေ့လိုက်ရတော့ ရင်ထဲကိုအေးမြသွားတာပဲ
ဒီမြင်ကွင်းလေးက ဘယ်နိုင်ငံမှာမှမရှိတဲ့
မြန်မာတွေရဲ့  ချစ်စရာ့ ရိုးရာဓလေ့
နေရာအနှံ့ အလှူတန်းစုံလင်စွာနဲ့
မြင်တွေ့ရတဲ့နေ့
ဆေးပေါင်းခတဲ့နေ့ပေါ့
ဒီနေ့ဟာ အရမ်းကိုထူးခြားတဲ့နေ့
တန်ဆောင်မုန်းလပြည့်နေ့........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပန်းစံပယ်

ပင်ထက်ဝယ် ဖူးပွင့်စေလို့
ရည်ရွယ်ကာ ချွေမယ်မဟုတ်ပါဘူး
နေပါစေ ရိုးတံထက်မှာ
တင့်တယ်စွာ ဖူးပွင့်နေပ
ကြွေဆင်းမှ ပန်မယ်အတွေးရယ်နှင့်
ပျိုးသူမှာ စိတ်ကူးရင်ပါ့
ရနံ့ကလေးရယ်တဲ့သင်းပျံ့လာ
လူအများမမြင်ခင်
ချွေချင်သူ မဦးအောင်ပ
သည်မောင်မှာမခွါရဲ
ပင်စည်နားထက်ဝယ်
ပွင့်လာရင်အရင်နမ်းမယ်ပါ့
အသာလှမ်းတိုးကပ်စဉ်
ညည့်လေမှာ သယ်ဆောင်လာပေါ့
ရွှေရင်ကိုကြည်လင်အေးစေတဲ့
ပန်းလှစံပယ်.....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လွမ်းနေသူ

သည်ဆောင်းဟေမာန်
နှင်းမြူကြားဝယ်
အေးချမ်းမှုပေါင်း
စုကာညောင်း၍
လွမ်းသူ့အသွင်
သရုပ်ဖော်၏

ကြယ်လေးမှိတ်တုပ်
လင်းလိုက် ပျောက်လိုက်
ကြည့်ရ သူဖို့
လွမ်းသူ့ အသွင်
သရုပ်ဖော်၏

လ ရောင် မဆမ်း
ဤညချမ်းမှာ
တိမ်ထဲတိုးဝင်
ပြေးလိုက် လွှားလိုက်
လုံးဝန်း စက်ဝိုင်း
အတွင်းဆီမှ
အဖိုးအိုနဲ့ ယုန်သူငယ်လည်း
ကြည့်ရ သူဖို့
လွမ်းသူ့အသွင်
သရုပ်ဖော်၏

သည်ဆောင်းဟေမာန်
သည်ညချမ်းဝယ်
ဖြစ်ပျက်သမျှ
အရာ အားလုံး
လွမ်းသူ့အသွင်
သရုပ်ဖော်ပြန်၏

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြစ်တစ်စင်းရဲ့ဒိုင်ယာရီ

အလွမ်းတွေနဲ့ နှောင်ဖွဲ့ရင်း
ဒီ မြစ်ကျဉ်းတခုကို ငါဖြတ်ကျော်တုန်း
အဆက်စပ်မဲ့ ဒဏ်ရာတွေ တဖွဲဖွဲ ကြွေကျ
ရသလောက်နဲ့ မတင်းတိမ်နိုင်တဲ့ လူ့ဘဝမှာ
ငါဟာ လေလွင့်ငှက် တကောင်လို
ထားခဲ့လိုက်ပါငါ့ကို
လူသားဆန်ကြောင်းပြဘို့
ဒီ အပ်ကြောင်းထပ် ပြဇာတ်တွေနဲ့တော့
မကောက်ကျစ်ချင်တော့ဘူး
ပျဉ်ဘိုးနားလည်ဘို့သက်သက် ဆိုရင်တော့
ငါမသေချင်သေးဘူး
ငါ့ရဲ့ကောင်းကင်မှာမနေ့က မိုးရွာတယ်
နေတိုင်းတော့ ဘယ်သာယာ နိုင်မလဲလေ
ရှိပါတော့ဒီလမ်းကို
ငါကိုယ်တိုင် ရွေးခဲ့ ပြီးပြီပဲ
ငါကိုယ်တိုင်သန်မာစွာပျံသန်းဖို့
ဒီအတောင် တစုံကို
ငါအကြိမ်ကြိမ်မွမ်းမံနေခဲ့တယ်
တနေ့နေ့ အလွန်တနေ့နေ့
ငါ့ အတောင်တွေ သန်စွမ်းလာတဲ့တနေ့
ဒီမြစ်ကျဉ်းကို လွန်မြောက်တဲ့ တနေ့
ငါ့ အိမ်မက် ထဲက တနေ့နေ့ပေါ့
အဲဒီနေ့လေးကတော့...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မေမေ

အမေ
သားလှမ်းခေါ်မိတဲ့ခဏလေးမှာ
အမေ့ရဲ့ပါးနှစ်ဖတ်က လှစ်ကနဲပြုံးတာ
သားအတွတ်တဘဝလုံး အေးမြစေခဲ့တယ်
အမေ့ရဲ့အပြုံးလေးနဲ့
အမေကိုယ်စိတ်နှလုံးမရွင်လန်းချိန်မှာတောင်
သားသမီးတွေရှေ့ရောက်ရင်
အားအင်ပြည့်ဝ တဲ့ မျက်နှာပေးမျိုးနဲ့ 
သားသမီးတွေတွတ် ရှေ့ကနေပီး
အမြဲတမ်းမားမားမတ်မတ်ရပ်တည်ပေးခဲ့တယ်
သားတို့တွေရဲ့အောင်မြင်မူအသေးဖွဲတွေတွတ်
အမြဲတမ်းဂုဏ်ယူနေတတ်တဲ့အမေ
အမေ့ရင်ခွင်ထဲတိုးဝှေ့ချွဲမိတဲ့အချိန်တိုင်း
အမေ့ ၇ဲ့ပါစပ်ကအမြဲတမ်းပြောနေကျ
သားတို့တွေကအမေ့အတွတ်တော့
ထာဝရ ကလေးလေးတွေတဲ့
အခုတော့အမေ ကလေးလေးတယောက်
မဖြူစင်တဲ့ဒီလာက ရဲ့ အလယ်
ကမ်းလာတဲ့ လက်တွေ ကို ခါ ထုတ်
တယောက်ထဲပဲ…မတ်တပ်စမ်းနေ ခဲ့တာ
တခါတရံ တော့လဲ….အလဲလဲ အပြိုပြိုနဲ့
ဒါပေမယ့် ...သား
ဘာကိုမှစိတ်ပျက်နောင်တမရပါဘူး
အမေပြောတဲ့စကားသားအခုထိမှတ်မိနေသေးတယ်
လောကကြီးက တရားမျှတပါတယ်တဲ့
သားတို့ယူတတ်ရင် ယူနိုင်သလောက်ရတယ်
စကားတစ်ခွန်းလေးကို
သား လဲကျ ချိန်တိုင်း
မေမေ့ စကားသံတွေ ကိုပဲ နှလုံးသွင်းလို့ 
လူမသိ..သူမသိ
ပြန်လည် ထူမတ် နိုင်ခဲ့တယ်
အမေ ပြောတဲ့ခွန်အားတွေနဲ့
သားတို့ ဘဝ အမြင့်ပျံနိုင်ဖို့
မှိုင်းတိုက်ပေးခဲ့တာ
အေးမြတဲ့ အမေ့ရဲ့
မေတ္တာတွေ နဲ့ ပေါ့....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူစိမ်းကောင်းကင်


သြော် ဘဝ ဘဝ
ကမောက်ကမနဲ့ နိုးထရတဲ့မနက်ခင်းတွေ
ကြည်နူးစရာကောင်းတဲ့
အာရုဏ်ဦးနဲ့ နူတ်မဆက်ခဲ့ရတာလည်းကြာပေါ့
တစ်ခါတစ်လေဘဝမှာ
အလိုမတူတာတွေ နားလည်မူလွဲမှားတဲ့အချိန်
ပေါက်ကွဲကြတာကလွဲရင်
အားလုံးကပျော်ဖို့ကောင်းပါတယ်
ဒီအချိန်မှာ ငါတို့ဘဝတွေဟာ
ဘောင်ခတ်ထားတဲ့ သူများကောင်းကင်အောက်မှာ
ခေါင်းငုံ့ပြီးလမ်းလျှောက်နေရပေမယ့်
တကယ်တော့ ကိုယ့်ရဲ့ကောင်းကင်ကြီးအောက်မှာပဲ
လွတ်လပ်စွာ ပျံသန်းခြင်ကျသူတွေပါ
တစ်ခါတစ်လေ ငါတို့တွေဟာ
ဘဝရဲ့ ခါးသီးလှတဲ့အမှန်တရားတွေကိုမြိုချ
အနာဂါတ်ဆိုတာမရှိခဲ့ရင်
ဟူးးးးးးးးးးးးးးးးး
ကိုယ့်စိတ်ကိုပြန်ဖြေသိမ့်ရင်း
ဘဝ ရဲ့ခါးသီးလှတဲ့
အမောတွေတစ်ကိုယ်တည်း
ဖြေခဲ့ရတဲ့နေ့တွေလည်း
မနည်းတော့ပါဘူးးးး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သတိရလိုက်ပါ

သူငယ်ချင်းမင်းရင်ထဲမှာ
ပူဆွေးသောကတွေနဲ့ ပြည့်လျှံနေတဲ့အခါ
သတိရလိုက်ပါ
အတိတ်ကငါတို့သူငယ်ချင်းတွေရဲ့
ပျော်စရာကောင်းတဲ့အချိန်ကို
ဒဏ်ခတ်ခံနေရတဲ့ မင်းနှလုံးသားရဲ့
ကြေကွဲသံဇဉ်တွေကြောင့်
မင်းမျက်ရည်တွေ ကခုန်လာတဲ့အခါ
သတိရလိုက်ပါ အားငယ်စိတ်တွေဝင်လာတိုင်း
ငါတို့သူငယ်ချင်းတွေ
တစ်ယောက်နဲ့တစ်ယောက်အားပေးခဲ့တာတွေ
သုတ်ပေးမယ့်သူမရှိတဲ့
မင်းနဖူးပေါ်ကချွေးတွေ
စီးကျလာတဲ့အခါ
သတိရလိုက်ပါငါတို့သူငယ်ချင်းတွေကို
နင်ကသာ ငါတို့ကိုအမှတ်တမဲ့ဖြစ်ပေမယ့်
ငါတို့တွေရဲ့ရင်ထဲမှာ နင့်အတွတ်
အမြဲထာဝရကြိုဆိုနေလျှက်ပါ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS