Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

ငိုရှိုက်သံ



ငိုရှိုက်သံ
..........................

ကံ့ကော်ပန်းတွေလည်းအခါခါ
ဖူးပွင့်လို့လာခဲ့ပါပြီး
အခုတော့
ကံကောင်းခြင်းတွေတစ်ခါ
ကံဆိုးခြင်းတွေ တစ်လှည့်
ငါ့ကမ္ဘာမှာ အလျှင်းသင့်သလို
ဖွင့်ကြ ..လှစ်ကြ လို့..........

ညနေနေဝင်ရီတယောကလည်း
ပြာရီမှုန်မှိုင်းလို့
“ ဒါနှင်းတွေ မဟုတ်ဘူးကောင်မလေးရဲ့ 
ကောင်းကင်မှာရေငွေ့တွေဖုံးလွမ်းနေတာပါ “
………………………………..
မင်းသိရဲ့လား
ကံ့ကော်ပန်းလေးတွေကလည်း
သူ့ဆီကိုအရောင်သွေးစုံတဲ့
လိပ်ပြာလေးတွေလာနားချိန်ခိုက်
ပင့်သက်ခြွေရင်း ကြွေကျမြေခနေကျရတယ်
…………………………………………….
အခုချိန်ဆိုရင်
ကမ္ဘာမြေရဲ့ တနေရာ မှာ နေ၀င်နေပြီ ထင်ပေါ့
………………………………...........
........................

ဒီအချိန်…………
မင်းမကြားမိလိုက်တာက…..
…………………………………………
ဟိုးမင်း ရဲ့ အဝေးကလူတစ်ယောက်ရဲ့
ငိုရှိုက်သံ ဖြစ်တယ်

................................
 — feeling sad.

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နိဒါန်းတစ်ခုပျိုးခြင်း



နိဒါန်းတစ်ခုပျိုးခြင်း
.........................

အချစ်ဆိုတာ
စံပယ်ပန်းလေးတွေကိုသီကုံးသလိုမျိုး
တစ်ယောက်ကစိတ်ရှည်လက်ရှည်နဲ့သီကုံးပြီး
တစ်ယောက်သောသူကပန်ဆင်ရသလိုပါပဲ
တစ်ယောက်သောသူရဲ့အမှောင်ကိုခွင်းပြီး
တစ်ယောက်သောသူက
တောက်ပတဲ့အလင်းရောင်ကိုပေးတဲ့ 
လမင်းလေးတစ်စင်းလဲဖြစ်ခဲ့ကျတယ်
နွေခေါင်ခေါင်မှာခြောက်သွေ့မူကိ
စွတ်စိုပါတ်ဖြန်းတဲ့မိုးဖွဲလေးတွေလိုပါပဲလား
ပူပြင်းလွန်းတဲ့
ကန္တာရအလယ်မှာလူတစ်ယောက်ရဲ့
ဆာလောင်မွတ်သိပ်မူတွေနဲ့
ရင်ထဲကအမောတွေကိုပြေပျောက်စေတဲ့
အိုအေစစ်လေးတစ်ခုလည်းဖြစ်တယ်
ဒီလိုပါပဲအချစ်ဆိုတာ
တစ်ယောက်ကဖွဲ့ဖွဲနွဲ့နွဲ့ရေးဖွဲ့ခဲ့သလို
တစ်ယောက်ကနူးနူးညံ့ညံ့လေးရွတ်ဆိုခဲ့တဲ့
ကဗျာလေးတစ်ပုဒ်အဖြစ်တည်ရှိခဲ့ကျတယ်
ဟောကြည့်အခုတော့
ဒီလိုလေးနဲ့စလာခဲ့တဲ့
အိမ်မက်လေးတစ်ခုဟာ
နှစ်ယောက်တစ်ဘဝအထူထောင်ဖို့
နိဒါန်းတစ်ခုရဲ့အစပျိုးခြင်းပဲပေါ့

 — feeling loved.

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရာသက်ပန်



ရာသက်ပန်
.....................
ချစ်ခြင်း အသင်္ချေမှာ
အမုန်းမြူတွေဝေးကွာလို့
ချစ်ခွန်းဖွဲ့သံယောဇဉ်
တေးထပ်လေးတွေနဲ့
ဆုံးတစ်သက်မခွဲနိုင်
တစ်ယောက်လက်တစ်ယောက်ဆွဲကိုင်လို
ဆွယ်တော်ရွတ်လိုဘ၀များစွာ
နှစ်လွှာအသည်းပန်ဆင်မြန်းရင်း
ရာသက်ပန်တွဲလက်ခိုင်ခိုင်
လျှောက်လှမ်းကျစို့
ကိုရယ်....
 — feeling loved.

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထာဝရချစ်သူငယ်ချင်းများသို့............



ထာဝရချစ်သူငယ်ချင်းများသို့
.................................................

အော် အခုတော့လည်း
ခွဲခွါခဲ့ ရတဲ့ သံယောဇဉ်တွေနဲ့
လွမ်းရတဲ့နေ့ရက်လေးတွေ
ဟိုး အရင်က
သူငယ်ချင်း တွေနဲ့ 
လှပတဲ့မြစ်ဧရာရဲ့
ပုဇွန်ဆီရောင်ညနေခင်းတွေ
ငါ့ဘ၀အတွက် ခက်ခက်ခဲခဲ
ပင့်သက်တချက်ရိုက်ခတ်မိတိုင်း
အဲ့ဒီပြည့်စုံလှပတဲ့
သူငယ်ချင်းချစ်ခြင်းတွေအကြောင်း
ငါ ပြန်တွေးရင်း ရင်ကိုနွေးထွေးတယ်
ခွဲခွါခဲ့ရပေမယ့်
တို့ တတွေဟာ မကွဲကွာခဲ့ကြဘူး
ငါတို့ အတူဖြတ်သန်းခဲ့ကျတဲ့
မမေ့နိုင်တဲ့ပျော်ရွင်စရာနေ့ရက်လေးတွေ
ဟော့ဒီ ငါ့နှလုံးသားထဲမှာ
ထာဝရ
အမြဲသိမ်းဆည်းထားခဲ့တယ်
တကယ်တော့ အခုချိန်မှာ
ငါပိုင်ဆိုင်တော့တာဆိုလို့ 
နင်တို့ ငါ့အပေါ်ထားတဲ့ချစ်ခြင်းတွေရယ်
ငါ နင်တို့ အပေါ်ထားတဲ့ လေးနက်ခြင်းတွေက
နက်ရှိုင်းလွန်းလို့ ငါတို့တွေကြား
အရမ်းကိုအဓိပ္ပါယ်တွေနဲ့ပြည့်ဝခဲ့တယ်
ဘယ်လိုပဲဖြစ်ဖြစ်
ငါတို့ သူငယ်ချင်းတွေဆိုတာ
ဟိုး မိုင်ပေါင်းထောင်ချီ တစ်ယောက်တစ်နေရာ
ဝေးကွာနေလည်း ငါတို့အားလုံးရဲ့ရင်ထဲမှာ
နွေးထွေးတဲ့နှလုံးသွေးတွေ
တသွေးတည်း ၊တသားတည်း
အစဉ် စီးဆင်းနေခဲ့ ကြစမြဲပါပဲ
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပြတင်းတံခါး



အိပ်ယာနိုးနိုးခြင်းလိုက်ကာစကိုငါ ဆွဲဖယ်လိုက်တော့
အလင်းရောင်က လင်းကနဲ ထင်းကနဲ ၀င်လာတယ်
ငါပြူတင်းပေါက် မှန်တွေကိုထပ်ဖွင့်လိုက်တော့
လေနုအေးတောင် အပိုဆုအနေနှင့်ရလိုက်သေးတယ်
အိုးးးး လတ်ဆတ်ပြီးအေးမြလိုက်တာ

ငါ ပြူတင်းတံခါးရှိနေတာကိုမေ့နေတာလား
ဒါမှမဟုတ်
လေတွေတအားထန်နေလို့ ခုန မဖွင့်မိတာလား
ငါ့ကိုငါပြန်မေးကြည့်နေမိတယ်

တကယ်တော့ ငါတို့ဘ၀တွေမှာ
မှန်လိုအယောင်ဆောင်နေတဲ့ တံခါးတွေရှိသလို..
တံခါးလိုအယောင်ဆောင်နေတဲ့ မှန်တွေလဲ ရှိခဲ့တာပဲ

တစ်ခါတစ်လေတံခါးတွေကို
ပိတ်သင့်ရင် ပိတ်ထားရမယ်..
တစ်ခါတစ်လေကျပြန်တော့ ဖွင့်ပေးထားရမယ်

ဒါပေမယ့်
အချိန်အခါနဲ့အခြေအနေကို သိဖို့လိုတယ်
နောက်ပြီးတော့ စောင့်ရမယ်
ဟုတ်တယ် စောင့်ရမယ်

မနက်ဖန်မနက်ဆို
ငါတို့တွေရဲ့အနာဂါတ်အတွတ်
အိမ်အပြင်ဖက်မှာ
နေရောင်တွေဖြာနေကောင်းပါရဲ့..........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျွန်တော့် ချစ်သူ သူပဲပေါ့....




ကြည့်မိလိုက်တိုင်း
သူ့သွင်ပြင်
ယဉ်စစလေးနဲ့
ဟန်မူ၇ာပင်
လက်ကလေးထောက်ကာ
ပြုံးပြန်တော့
ဒီရင်ခွင်မှာ
ကြည်နူးပြန်ပေါ့
မျက်မှန်သစ်လေး နဲ့
အထာပိုကာ
သဒ္ဒါလိုတယ်လို့
ထင်ပြန်ကာ
ဟန်မူရာ
ခပ်ကြော့ကြော့
ကျွန်တော့်ချစ်သူ
သူပဲပေါ့...............

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS