Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

အချစ်ကံကြမ္မာ၏ လှည့်စားမှု

           တစ်ခါက အချစ်စစ်ကို အင်မတန်မှယုံကြည်တဲ့ကောင်လေးတစ်ယောက်ရှိခဲ့တယ်။
သူက သူ့ ရင်ထဲကအမှန်တကယ်ချစ်မြတ်နိုးတဲ့မိန်းကလေးပေါ်တဲ့အထိ စောင့်နေရင်း သူရဲ့  အချိန်တွေကို ကုန်ဆုံးနေခဲ့တယ်။တနေ့ မှာ သူအတွက်သီးသန့် ချစ်သူတစ်ဦးတစ်ယောက်ပေါ်ကိုပေါ်လာရမယ်လို့ လည်း  ယုံကြည်နေခဲ့တယ်။ဒါပေမဲ့ ပေါ်မလာခဲ့ပါဘူး။
                               ..........................................................
ထူးခြားတာကတော့ Christmas နှစ်တိုင်းနှစ်တိုင်းမှာ
သူရဲ့ ချစ်သူဟောင်းက Vancouver မြို့ ကနေပြီး သူ့ ဆီကိုပြန်လာလာပြီး သူကို့ လာတွေ့ လေ့ရှိတယ်။ သူမဟာ တချိန်က စိတ်ကူးယဉ်ဆန်ဆန် ပျော်ရွင်စရာကောင်းတဲ့ အချစ်မေတ္တာလေးတွေနဲ့  သူရဲ့ ကြင်နာယုယမှုလေးတွေကို ပြန်ရဖို့ မျှော်လင့်နေတယ်ဆိုတာကိုသူသတိထားမိခဲ့တယ်။
ဘယ်လိုနည်းနဲ့မဆို သူမှာတော့ သူမဆီ ပြန်လှည့်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ သူမ ပြန်လာခဲ့အခါတိုင်းမှာ သူက ပုံမှန်အတိုင်း တခြားမိန်းကလေးသူငယ်ချင်းတွေနဲ့ ဟန်ဆောင်ပျော်မူးနေတက်တယ်။

ဒိလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းလာခဲ့တာပေါ့။ ကောင်းလေးက သူရဲ့ စိတ်ကူးယဉ်ဆန်တဲ့ စိတ်ဝင်စားမှုအတိုင်းပဲ ကောင်မလေးတွေကို တစ်ယောက်ပြီးတစ်ယောက် ဟန်ဆောင်တွဲခဲ့တာပေါ့။ သူရဲ့ ချစ်သူဟောင်းလေး christmas မှာ သူ့ နားကို ရောက်လာချိန်တိုင်းသူမနဲ့ သူ့ ရဲ့ ဇာတ်လမ်းက
ပြီးဆုံးခဲ့ပြီ လို့ ထင်မြင်စေခဲ့တယ်။ချစ်သူဟောင်းလေးရှေ့ မှာ တခြား ကောင်းမလေးတစ်ယောက်ပြီး
တစ်ယောက်နဲ့ ကြည်စယ်ပျော်ရွင်ပြ၊ဂရုစိုက်ပြခဲ့ပြီး ချစ်သူဟောင်းလေးကိုလစ်လျူရှုခဲ့တာပေါ့။
ချစ်သူဟောင်းလေး ခမျာမှတော့ သူနဲ့ တခြားကောင်မလေးတွေကို မြင်တိုင်း ရင်ကွဲမတက်ခံစားရလွန်းလို့  ကျိတ်ပြိးငိုခဲ့ရတယ်။ဒါပေမဲ့ မိန်းကလေးမာန တွေကြောင့် ၀န်မခံနိုင်ခဲ့ဘူးပေါ့။ Christmas နှစ်တိုင်း နှစ်တိုင်းသူမက ပြန်လာပြီး ကောင်လေးဆီကအရင်လိုကြင်နာယုယမှုတွေမျှော်လင့်ခဲ့ပေမဲ့
ချစ်သူဟောင်းလေးခမျာ စိတ်ပျက်လက်ပျက်နဲ့ သာ Vancouver ကိုပြန်ခဲ့ရတာပေါ့..
                        .................................................
နောက်ဆုံးမှာတော့ ဒီလို့ ဇာတ်မျောနေတဲ့ ကစားပွဲကိုဆက်မကစားတော့ဖို့ ချစ်သူဟောင်းလေး ဆုံးဖြတ်ခဲ့တယ်။ဒါကြောင့်ချစ်သူဟောင်းလေးက ကောင်လေးကိုရင်ဆိုင်ပြီး
 ကောင်လေးတစ်ယောက်တည်းသာလျှင် သူမဘ၀ရဲ့ ထာဝရချစ်နေမဲ့သူဖြစ်ကြောင်း ကို ၀န်ခံခဲ့တယ်။
ကောင်လေးက ချစ်သူဟောင်းလေးရဲ့ ခံစားချက်တွေကိုနားလည်သော်လည်း
 ကောင်မလေးကို ပြန်လည်မတုန့် ပြန်ခဲ့ ဘူး။ ကောင်လေးက 'အချိန်တွေကြာလာတာနဲ့ အမျှ ချစ်သူဟောင်းလေးက သူ့ ကိုတဖြည်းဖြည်း မေ့သွားခဲ့လိမ့်မယ်"ယူဆခဲ့တယ်။
 ပြီးတော့"တချိန်က သူမရဲ့ အချစ်တွေကို သူရရှိခဲ့သော်လည်း၊ သူ ,သူမကိုတဖန်လက်ခံချင်ခဲ့သော်လည်း  သူလိုချင်တော့တဲ့အရာမဟုတ်တော့လို့ (သူတကယ်မချစ်ခဲ့လို့)နဂိုတည်းကထားခဲ့ပြီးပြီပဲလို့ သူတွေးခဲ့တယ်။ ဒါကြောင် ကောင်လေးက သူနှလုံးသားကို ခပ်မာမာစေခိုင်းပြီ ချစ်သူဟောင်းလေးကိုရက်ရက်စက်စက် လစ်လျူရှုခဲ့တာပေါ့..အဲ့ဒီနောက်မှာတော့ သုံးနှစ်တာကာလအတွင် ချစ်သူဟောင်းလေက ထပ်ပြီးတော့ မလာတော့ပါဘူး။

ကောင်းလေးက သူ့ ဘ၀မှာ သူ့ ချစ်သူဆိုတာကို  ဆက်ပြီး ရှာဖွေနေဆဲပါပဲ...ဒါပေမဲ့ ဘယ်လိုဖြစ်မှန်းမသိပေမဲ့  တစ်ဦးတစ်ယောက်ကတော့ သူရင်ထဲရဲ့ အနက်ရှိုင်းဆုံးနေရာကို စူးနင့် နေခဲ့ပါပြီ။ သူကတော့ ချစ်သူဟောင်းလေးပါပဲ ။သူ ချစ်သူဟောင်းလေးကိုလွမ်းနေခဲ့ တယ်။

၁၉၉၅ Chirismas မှာတော့ သူ ပါတီကို တစ်ယောက်တည်းသွားခဲ့ပါတယ်။
"ဟေး၊ ဘယ်လိုဖြစ်လို့ ဒီနှစ်တစ်ယောက်တည်းလဲ?မင်းရဲ့ အရင်ကောင်မလေးတွေကော?
Chiristmas တိုင်းမင်းကို ပြန်ဆက်ချင်နေတဲ့ Vancouver ကကောင်မလေးရော? "
သူငယ်ချင်းတစ်ယောက်ကမေးခဲ့သည်။သူ့ သူငယ်ချင်းရဲ့ အမေးစကားက သူ့ ရင်ထဲမှာ တလိမ့်လိမ့်တက်လာပြီးဝမ်းနည်းခံစားနေရတယ်။သူနဂိုကဟန်ဆောင်တွဲနေခဲ့သေကောင်မလေးများထဲက
တစ်ယောက်ကလည်း သူနားကိုကပ်လာတယ်.။ သူစိတ်ထဲမှာ အားလုံးကို လစ်လျူရှုချင်နေမိတယ်။ မယဉ်ကျေးသလို့ ဖြစ်ခဲ့တယ်ဆိုတာသိသော်လည်း သူ့ အတွက် ဒီကောင်မလေးတွေ
နဲ့ နဲ့တွဲရမှာ လုံးဝကို စိတ်မပါလက်မပါဖြစ်နေခဲ့တယ်။ စိတ်ထဲမှာ တစ်ခုခုကိုဆုံးဖြတ်ပြီးသား အလိုလိုဖြစ်နေခဲ့တယ်။ဒီအချိန်မှာပဲ တချိန်ကသိကျွမ်းခဲ့ဘူးတဲ့ကောင်မလေးတစ်ယောက်က
"ဟိုင်း၊ ဘယ်လိုလဲ?မင်းပါတီမှာပျော်ရဲ့ လား"
ဆိုတဲ့နှုတ်ဆက်မစကားကို ငြင်းရခတ်စွာပြန်ဖြေခဲ့တယ်။ 
'ဟုတ်ကဲ့ ပျော်ပါတယ်။“။
 ကောင်မလေးက အနည်းငယ်မူးနေပြီး လက်ထဲမှာလည်းဝစ်စကီခွက်လေးကိုင်ထားတယ်။
ကောင်မလေးက ရီဝေေ၀နဲ့ ဆက်တယ်။
"ဘာကြောင်လဲဟ?ဒီနှစ် မင်းအတွက်တွဲပေးမဲ့ ကောင်မလေးတစ်ယောက်ယောက်မလိုဘူးလား။
အရင်နှစ်တွေကလို ပေါ့၊"
သူက "နောက်ထပ်မလိုတော့ပါဘူး"လို့ သူစကားမဆုံးသေးခင်မှာပင်
"အိုး!!!ဟုတ်ပြီ၊ဒါဆိုနင်က ချစ်သူရှာတွေ့ သွားပြီးပေါ့။ ပြီးခဲ့တဲ့ နှစ်အထိနင့်မှာ ရည်စားမရသေးဘူးမလား? " ဆိုတဲ့ အမေးက သူရင်ထဲကိုတိုက်ရိုက်ထိသွားခဲ့တယ်။
ဟုတ်ပါတယ်...သူတကယ်ကို သူရင်ထဲကချစ်သူကိုသိသွားခဲ့ပါပြီ။

သူ သူရှာနေတဲ့ ကောင်မလေးကို သူရှာတွေခဲ့ပါပြီ။ သူရင်ထဲက ပြီးပြည့်စုံးခြင်းကိုလည်း ရှာဖွေနိုင်ခဲ့ပြီ။ သူသတ်မှတ်လိုက်တယ် အဲ့ဒီသူက သူဆီကို ဘယ်တော့မှပြန်မလာတော့တဲ့ချစ်သူဟောင်းလေးပဲ။
                             ..........................................................
တစ်ဦးနဲ့တစ်ဦးဆက်သွယ်မှုဆိုတာ နှစ်ဦးနှစ်ဘက် ညီမျှစွာ ပြုမူရတဲ့အရာတစ်ခုပါ။
သူဘ၀မှာ အရေးကြီးဆုံးသူက သူကိုယ်တိင်အဝေးကို စွန့်ပစ်လိုက်တဲ့သူ ဆိုတာကို သူနားလည်လိုက်တာနဲ့
တပြိုက်နက် သူ့ ချစ်သူဟောင်လေးကိုချက်ချင်းခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ ရဲ့ စိတ်တွေက ကြောင့်ရွံ့ မှုတွေလွမ်းနေတယ်။ချစ်သူဟောင်လေးကအသစ်တစ်ယောက်များရနေပြီးလား?
သူအပေါ်အရင်လိုကောခံစားချက်မျိုးတွေနောက်ထပ်ရှိပါဦးမလား? ဆိုပြီး ပိုကြောက်လာမိခဲ့တယ်။ အဆိုးဆုံးခံစားချက်ကတော့ ချစ်သူဟောင်းလေးကိုဆုံးရှုံးရမှာ ကိုစိုးရိမ်နေခြင်း ပဲ။

ဒီလိုနဲ့ Chirstmas ချိန်ရောက်လာတယ်။ သူဖုန်းအဆက်အသွယ်ခတ်ခဲနေတဲ့ကြားမှ
(အထူးသဖြင့် 0versea call) သူအတော်လေးကို ကြိုးစားဆက်သွယ်ခဲ့တယ်။ လက်မလျှော့ ပဲခဏပြီးခဏခေါ်တယ်။ နောက်ဆုံးမှာတော့ အဖိုးတန်သော ည၁၂နာရီ မှာ အဆက်အသွယ်ပြန်ရခဲ့တယ်။ သူက သူ့ အချစ်စစ်တွေဟာ သူမအတွက်ဖြစ်ကြောင်း ချစ်သူဟောင်လေးကို ရင်ဖွင့်ပြခဲ့တယ်။ ချစ်သူဟောင်းလေ မျက်ဝန်းမှာ မျက်ရည်တွေအပြည်နဲ့ပေါ့ ။ ချစ်သူဟောင်းလေးလည်း သူကို မေ့ လို့ မရခဲ့ပုံပေါ်ပါတယ်။ အချိန်တွေအများကြီးကြာခဲ့တာတောင်မှ ချစ်သူဟောင်လေးဟာ သူကို မမေ့ သွားပဲ ချစ်မြတ်နိုးစွာ ဆက်လက်စောင့်နေဆဲပါပဲ။

သူ သူမကိုတွေ့ ဖို့ အတွက်နဲ့ သူဘ၀မှာ အယုံကြည်ခဲ့ရဆုံးအချစ်စစ်ဆိုတဲ့အရာလေးနဲ့တူတူ ဘ၀အသစ်စဖို့ အရမ်းကို စိတ်လှုပ်ရှားနေခဲ့တယ်။သူချစ်သူဟောင်းလေးရှိတဲ့နေရာကိုသွားပြီးသူကိုယ်တိုင် ချစ်သူလေးကို ပြန်ခေါ်ဖို့ စီစဉ်ခဲ့တယ်။ ပျော်စရာအကောင်းဆုံး သူတို့ ဘ၀လေးပါလား!!!!

'သို့ သော် ပျော်စရာအချိန်ဆိုတာ ခဏပဲလေးပါပဲလား..."
သူမသွားခင် ၂ရက်အလိုမှာ သူမ၏ ဖခင်ဆီမှ ဖုန်းလက်ခံရရှိခဲ့တယ်။
"အရက်မူးပြီး မောင်းလာတဲ့ ကားဒရိုက်ဘာရဲ့ ရက်စက်မှုနဲ့ အတူ ဦးခေါင်းကိုထိ၊
Coma ရပြီး ၆နာရီ အကြာမှာ သူမသေဆုံးသွားခဲ့ပါတယ်" တဲ့။

ကောင်လေးခမျာ လူကြုံမရ ၀မ်းနည်းပတ်လက်ခံစားခဲ့ရတယ်။ သူအတွက် အရာအားလုံးဆုံးရှုံးသွားခဲ့ပြီလေ။
ဘာကြောင့်များ ကံကြမ္မာ က ရက်စက်တဲ့ ကစားနည်းမျိုးကို သူနဲ့ လာကစားရတာလဲ?
သူ့ ရင်ထဲမှာ ချစ်သူဟောင်းလေးကို အဝေးကိုခေါ်သွားတဲ့ ကံတရား၊
သူအတွက် သူမကို နောက်ဆုံးကြည့်ခွင့်လေးတောင် မပေးခဲ့တဲ့ ရက်စက်မှုတွေကို ကျိန်ဆဲနေမိတယ်။ ဘယ်လောက်တောင်ရက်စက်လိုက်သလဲ!!!
ဘုရားရှင်က သူကို ပြန်လည် ပြစ်ဒဏ်စီရင်လိုက်ခြင်းလား!!!
ချစ်သူကိုပြန်ချစ်ဖို့  အချိန်တွေအများကြီးယူလိုက်တဲ့ သူကိုယ်တိုင်က ဘယ်လောက် မုန်းစရာကောင်းလိုက်လဲ!!!
ကောင်လေးခမျာ နောင်တများနဲ့....
ဒီအဖြစ်အပျက်က ၁၉၉၆ မှာဖြစ်ခဲ့တာပါ။

ဒီဇာတ်လမ်းလေးကရတာလေးတွေက

-စောင့်နေရတဲ့သူအတွက်အချိန်က နှေးလွန်းတယ်....
-ကြောက်နေတဲ့သူအတွက် အချိန်ကမြန်လွန်းတယ်...
-ပူဆွေးဝမ်းနည်းသူအတွက် အချိန်က ရှည်လွန်းတယ်...
-ပျော်ရွင်နေသူတွက်ကတော့ အချိန်က တိုလွန်းတယ်...


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သီးသန့်ဘာသာစကား



နာကျင်မှုဆိုတာ
ဒဏ်ရာတွေအတွက်
ဖန်တီးခဲ့တဲ့ သီးသန့် ဘာသာစကား
တစ်ခုများဖြစ်နေခဲ့တာလား
ဒါပေမယ့်ပေါ့
အကြိမ်ကြိမ် မဟုတ်ခဲ့ရင်တောင်
ငါ့အတွတ်ကတော့
တကြိမ်တခါတော့ ရွတ်ဆိုခဲ့ဖူးတယ်
အချိန်တွေသာ ပြောင်းလဲသွားခဲ့တယ်
ငါ့ရဲ့ဦးနှောက်ထဲကပဲ ကောင်းလွန်းနေတာလား
ဒါမှမဟုတ်ငါ့ရဲ့စိတ်ထဲက
ယုံကြည်မှုတွေကပဲ ဟောင်းနွမ်းသွားပြီးလား
ဒါပေမယ့်
သေချာတာ တခု
ငါအတတ်ပြောနိုင်တာက
ငါ့စိတ်အာရုံကို ငါကိုယ်တိုင်
နေ့စဉ်ဆေးကျောနေခဲ့မိတယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လွဲချော်နေသောဘဝ


တစ်ကယ်တော့ဘဝမှာ
ဖြစ်ပျက်ခဲ့ကျတာတွေလည်း
ဖြစ်ခဲ့ကျပြီးပြီးပဲ.
ဘာလို့များအခုမှစိတ်ရှုတ်ထွေးနေရတာလည်း
တစ်ကယ်တော့
စိတ်ရှုတ်ထွေးမူတွေဆိုတာကအဆိပ်တွေ
အဲဒီအဆိပ်တွေကိုဧဒင်ပင်လယ်ပြင်ကြီးထဲကို
ငါသွန်ချပစ်ခြင်ခဲ့တာပါ
ငါ့ရဲ့ခန္ဒာကိုယ်ထဲမှာပြန်ဖောက်ထုတ်လို့မရသလို
အရောင်စွန်းထင်ခဲ့တဲ့ယုံကြည်မူတွေကလည်း
အခုမှတော့အချိန်လွန်ကာ
ပြန်သိမ်းဆည်းလို့မရတော့ပါဘူး
ဒါပေမယ့်ပေါ့လေ
အချိန်ဆိုတဲ့စက်ဝိုင်းကြီးကပြောင်းလည်နေသမျှ
အရာရာတိုင်းဟာလည်းပြောင်းလည်းလို့နေဦးမှာပေါ့
ပင်လယ်ပြင်ကြီးရယ်နားထောင်ကြည့်လိုက်စမ်းပါဦး
မင်းရဲ့ပင်လယ်ပြင်ထဲကိုစီးဝင်လို့နေတဲ့
ကျယ်လောင်လွန်းလှတဲ့ငါ့ရဲ့သွေးစီးသံလို
စီးဆင်းနေတဲ့ပင်လယ်ရဲ့အသံကိုနားထောင်ရင်း
လရောင်လေးရဲ့အောက်ဘက်
ဟိုးးး မိုင်အဝေးကြီးမှာ
ငါ့တစ်ယောက်တည်းတုန်လှုပ်နေခဲ့မိတယ်

............................................................................

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လွမ်းမိသောမြို့လေး

သူငယ်ချင်းတို့ရေ.....
ကျောင်းသူဘဝ လွတ်လပ်ပျော်ရွင်ခဲ့ရတဲ့အချိန်လေးမှာ
ငါ့အတွတ်ကတော့အလွန်တိုတောင်းပြီး
အိမ်မက်အရမ်းဆန်ခဲ့ရတယ်
ပညာသင်ချိန်လေးမှာတောင်ငါကအလုပ်ကတစ်ဖက်
နင်ဒို့တွေသိရဲ့လား
တစ်ခါတစ်လေငါတစ်ယောက်တည်း
ကျောင်းသူဘဝလွတ်လပ်ပျော်ရွင်ခဲ့ချိန်လေးကိုပြန်တွေးနေမိတယ်
သူငယ်ချင်းတို့ရေ
ဘ၀ ဆိုတာ ငါတို့ Practical ချိန်၊ Tutorial ချိန် အတန်းလစ်သလိုမျိုး
ခေတ္တ ခဏ ပစ်ချလို့ မရတာသိပ်ခက်တယ်တာပဲနော်
ငါတို့ကျောင်းတတ်ခဲ့တဲ့ချစ်စရာအလွန်ကောင်းတဲ့မြို့လေးမှာ
မိန်းခလေးတွေတန်မဲ့ မိုးကာတွေဦးထုတ်တွေနဲ့
မိုးရွာချိန်တိုင်းတစ်မြို့လုံးပါတ် ဆိုင်ကယ်စီးပြီး
ငါတို့ ငါးယောက်ပေါင်းလောင်းကျော်လုပ်ခဲ့ကျတယ်
ငါတို့တွေက ကိုယ့်ကိုကိုယ်မှန်တယ်ထင်ရင်
လုပ်ခြင်တာကိုလုပ်တတ်ကျတာကို
ရည်းစားထားရတာလောက်မရှက်တတ်ခဲ့ကျဘူး
ညနေစောင်းဆိုရင်သူငယ်ချင်းငါးယောက်လုံးဆုံပြီး
လ္ဘက် ရည်ဆိုင်လေးမှာခပ်တည်တည်နဲ့သွားထိုင်တတ်ကျသလို
တံတားပေါ်ကနေဝင်ဆည်းဆာရှူခင်းအလှတွေကြည့်ပြီးဓါတ်ပုံလေးတွေရိုက်ကျနဲ့
နေ၀င်ရီတရော မကြောက်မလန့် သွားသွားကြည့်တတ်ကြသေးတာပေါ့
သူများတွေကငါတို့ငါးယောက်ကိုခပ်ကဲကဲလေးတွေလို့
နှာခေါင်းရှုံ့ကျပြီး သူတို့တွေလိုရည်းစားထားပြီးကဲနေတာမဟုတ်ဘူးဆိုပြီး
ကိုယ့်ကိုကိုယ်အချင်းချင်းချီးကျူး
ဘယ်သူတွေကဘယ်လိုပဲပြောပြောငါတို့တွေရဲ့
လွတ်လပ်စွာပျော်ရွင်ခွင့်ကိုပိတ်ပင်တာပဲလို့သတ်မှတ်ခဲ့ကျဘူးတယ်
သူငယ်ချင်းတို့ရေ
ငါတို့တွေကခလေးတွေလိုတော့မဖြူစင်ခဲ့ကြဘူး
ဒါပေမယ့် .........ဆယ်ကျော်သက်မိန်းခလေးတွေပီပီ
ပဲလေးတွေကိုယ်စီနဲ့ကိုယ့်ကိုလိုက်တဲ့သူတွေကို
အနည်းနဲ့အများတော့ မာန်မာနတွေတတ်ပြီး
ပြိုင်ခဲ့ကျဘူးတယ်
တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်လို့စိတ်ကောက်ချိန်တိုင်း
ဘာမှလည်းမဟုတ်ပဲနဲ့စိတ်ထဲကနေနာကျည်းပြတတ်ကျတာ
တစ်ကယ်တော့ငါတို့တွေတယောက်အကြောင်းတယောက်သိပြီး
တယောက်ကိုတယောက်အရမ်းနားလည်တတ်ခဲ့ကြတယ်
အဲဒါတကယ့်လက်တွေ့အခုတော့ငါတို့တွေ
တစ်ကယ့်ကိုတစ်ယောက်တစ်နယ်စီနဲ့ဘဝကတသားတည်း
ကျအောင်လှုပ်ရှားရုန်းကန်ရင်းလူအမျိုးမျိုးစိတ်အထွေထွေနဲ့
ကြုံတွေ့လိုက်တဲ့အခါတိုင်းစိတ်ထဲမှာမွန်းကျပ်လို့နေခဲ့မိတယ်
ဒီလိုမျိုးစိတ်ရှပ်ထွေးတဲ့အချိန်တိုင်းတစ်ချိန်က
သူငယ်ချင်းတွေနဲ့အတူတူဗရုတ်ကျခဲ့ဘူးတာတွေကို
ပြန်တွေးမိရင်းနဲ့ငါ့စိတ်တွေပြန်ပေါ့ပါးသွားခဲ့ဘူးတယ်
ဒါပေမယ့်အခုတော့
တာဝန်တွေ ၀တ္တရားတွေ နဲ့ စိတ်ရဲ့မွန်းကျပ်မှုတွေက
အရင်လိုမျိုးငါ့ကို ပေါ့ပေါ့ ပါးပါးလေး ပြန်ရယ်မောတတ်စေဖို့ 
ငါလေသူငယ်ချင်းတွေနဲ့နှစ်သစ်ကူးတဲ့နေ့ေ၇ာက်တိုင်း
တစ်နှစ်တစ်ခါလောက်တော့ငါ့စိတ်ထဲကနေပြန်ဆုံတွေ့ခြင်နေမိတယ်
မဟုတ်ရင်ငါ့ရဲ့ဘဝက ရှင်နေလျှက်နဲ့
ပေါ့ပေါ့ပါးပါးလေးမပြုံးတတ်တဲ့
ဘဝလေးဖြစ်ဖြစ်နေတတ်လွန်းလို့...........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မေတ္တာတရား


လောကကြီးရယ်
ဘာတွေများဒီလောက်တောင်ဖြစ်နေရတာလည်းဟင်း
ခနလောက်တော့ပြောပြပေးပါလာ
ငါ့ကို.....ကျေးဇူးပြုပြီး
နင်သိလားအဲတာ
တခါတလေ နင်သိတဲ့ ငါ့ရင်ဘတ်ထဲမှာ
နင်မသိတဲ့ ငါ့ပုံရိပ်တွေ ရှိကောင်းရှိနေနိုင်လိမ့်မယ်
ဒါပေမယ့် တခါတလေ
အတုမရှိတဲ့ အစစ်တွေ ထက်
အတုရှိတဲ့ အစစ်တွေ က
ဘာလို့များပိုပြီး တန်ဖိုးတက် တတ်တာလဲ
ဒါတွေကိုအမှတ်တမဲ့ဆိုပြီးတော့
နင့်ရဲ့စိတ်ထဲမှာ
 မေ့မေ့ပျောက်ပျောက်မထားလိုက်ပါနဲ့
တစ်ကယ်တော့
လောကကြီးထဲမှာ
မျှော်လင့်ချက်ဆိုတာ
 အနာ မရှိပဲ ကြိုကြိုသောက်နေရတဲ့
 ကာကွယ်ဆေးလိုပဲ
ထိရောက်တယ်  မထိရောက်ဘူးဆိုတာ
ငါလည်းအတတ်ဘယ်ပြောနိုင်ပါ့မလဲ
ငါ့အတွက် တချို့ အနာဂတ်တွေ ဟာ
ပစ္စုပ္ပန် ဆီရောက်ရောက်လာတတ်ပြီး
တချို့ အနာဂတ်တွေကျပြန်တော့လည်း
မျက်စိရှေ့အောက်မှာတင်
ကျကျ ပျောက်သွားတတ်တာ
သေချာတယ်ငါဟာ
ဘယ်သောအခါမှ
မေတ္တာ တရားကို
အထက်အောက်လွဲမပြောင်းခဲ့မိဘူး
ရေနစ်နေသူကို လည်း
နစ်သထက်နစ်အောင်
ဝါးကူထိုးခဲ့တဲ့ ပုံမျိုး
တမင်တကာ ဘယ်သောအခါမှ
ငါလုပ်ခဲ့မိမှာလည်းမဟုတ်ဘူး
အဲ့တာတွေက
---------------ငါ………………..
………..မဟုတ်ခဲ့ရပါဘူး............
……………………………..
ဖြစ်နိုင်မယ်ဆိုရင် မလိုအပ်ပဲနဲ့ 
ငါ့ကိုထပ်ထပ်မညာကျပါနဲ့တော့လား
ငါလဲ ကိုယ့်မာန နဲ့ ကိုယ်
တစ်ချိန်က
လင်းလက်တောက်ပခဲ့သူတစ်ယောက်ပဲ
ဒါပေမယ့်ဒဏ်ရာဆိုတာ
အမာရွတ် ဆိုပေမယ့်လည်း
အထပ်ထပ်ခွါပန်များလာတော့
နာကျင်နေခဲ့ရတာပေါ့...................

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမည်မဲ့ တမ်းချင်း



အခုတစ်လော
ရာသီဥတုကလည်းဖောက်ပြန်
ကမ္ဘာပြိုမယ့် အတွေးများစွာနဲ့
ထိတ်လန့်တုန်လှုပ်ခဲ့တဲ့
ငါ့ရဲ့ နှလုံးသားကိုမင်းနားလည်ပေးပါ
ငါ့ရဲ့ ကဗျာမှာအမည်မပါပေမဲ့
ငါ့ေ၇းနေတဲ့ကဗျာတစ်ပုဒ်လုံးရဲ့
အသွေးအသားဟာ မင်းပါပဲ
တူနှစ်ကိုယ်ဘဝကိုရင်ဆိုင်ဖို့
အိမ်ယာထူထောင်တော့မယ်ဆိုတော့လည်
လက်ဆုပ်လက်ကိုင်နဲ့ ဘဝကို
ရင်ဆိုင်ပြစရာက တစ်ချို့တစ်ဝက်
ပီပီပြင်ပြင်
ချစ်မြတ်နိုးတဲ့
ကို ရေ လို့ခေါ်လိုက်တဲ့အခိုက်
အရင်လိုမျိုး ချစ်မိုးမစွေတော့မှာကို
မေ့ရင်မှာ စိုးထိတ်လို့နေမိတယ်..........
.................

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှလုံးသားမှ စကားသံ


ရင်ထဲမှာ မွန်းကြပ်တယ်...
တွေဝေနေမိတယ်...
 သူ မှာ စစ်ဗိုလ်တွေလို ဂုဏ်မရှိဘူး...
         ဆရာဝန်တွေလို ပညာမတက်ဘူး...
         လုပ်ငန်းရှင်တွေလို မချမ်းသာဘူး...
 ဒါပေမဲ့
သူ ကျမကို အရမ်းကိုချစ်တယ်ဆိုတာ ကျမယုံကြည်တယ်။
သူ ကျမကို ယုယကြင်နာပြီး နားလည်မှုအပြည့်ပေးတက်တယ်။
သူ ကျမအတွက် အချိန်တွေအမြဲ အဆင်သင့် ဖြစ်နေတက်တယ်။

သူနဲ့ ပတ်သတ်သော ကျမရင်ထဲကအမှတ်တရများ
 အာရုဏ်ဦး နဲ့  သူ့ နှိုးသံ

သူ နဲ့ ကျမက တစ်နိုင်ငံစီခြားနေရတဲ့ ချစ်သူတွေပါ။ ကျမက မနက်ဆိုရင် ၅း၃၀ အိပ်ယာထရတယ်။ သူက ကျမကို မနက်တိုင်း မပြတ်မကွက် အိပ်ယာနှိုးပေးခဲ့တာ ခုထိပဲပေါ့။ သူ မနက်တိုင်းပြောတက်တဲ့ "ချစ်လေးထတော့..ဂျူတီဆင်းရမယ်လေ.. အိပ်ပုပ်မကြီးနဲ့ .. " ဆိုတဲ့ စကားလေးတွေကို ကျမစွဲလန်းမိတယ်။ တွေ့ စ၊ခင်စ၊ကြင်နာစ မှာ ဂရုစိုက်ကြတာ သဘာဝပါ။ သူက သူနဲ့ ကျမ ချစ်လာခဲ့တဲ့ နှစ်နှစ်တာကာလတလျှောက်လုံး ဘာလို့  မမေ့မလျော့ နှိုးခဲ့တာလဲ ။ သူရော မအိပ်ချင်ဘူးလား ။ ကျမယုံကြည်တယ် သူ ကျမကို သိပ်ချစ်သိပ်မြတ်နိုးတယ် ဆိုတာကိုပေါ့ ။ ခုချိန်ထိ ကျမကို ဂရုစိုက်တက်တဲ့
သူကို ကျမ သိပ်ချစ်တယ်။

အချစ်ဦး ပါလို့ မ၀န်ခံခဲ့ဘူးတဲ့ ကျမရဲ့ အချစ်ဆုံးချစ်သူ

သူကအချစ်ဦးပါလို့ ကျမမ၀န်ခံခဲ့ဘူးပါဘူး။ ကျမတွေဘူးတဲ့ လူတွေက တွေ့ စ မှာ ဂရုစိုက်ကြ၊ ကြင်နာကြတယ်။ တဖြည်းဖြည်းနဲ့  ဖုန်းဆက်ရင်မအား၊ မဖြေချင် ၊ကိုယ်ဆီကိုလည်း မဆက်သွယ် တဆတဆနဲ့ ပျောက်ကွယ်ကုန်ကြတယ်။ စိတ်ပျက်တာလား စိတ်ကုန်တာလားမသိပေမဲ့ ဘယ်သူ့ ကိုမှ ရန်ရှာအပြစ်မတင်ခဲ့ပါ။ ဘယ်လိုလူမှ ပြီးပြည့်စုံနိုင်တာ(perfect) မှမဟုတ်တာ။ ဒါပေမဲ့ ကျမသိပ်ချစ်ရတဲ့ ကျမချစ်သူက နှစ်နှစ်ဆိုတဲ့ကာလမှ တစ်ရက်လေးတောင်ကျမနဲ့ အဆက်အသွယ်ပျက်မခံခဲ့ပါဘူး။ အလုပ်မအားတဲ့ကြားက မနက်ဖုန်းဆက်နှိုး ၊နေ့ ခင်း ထမင်းစားဖို့ ၊ညနေတွေမှာလည်းရေချိုးထမင်းစားဖို့  တစ်နေ့ ကို အနည်းဆုံး ၃ကြိမ်လောက် သူဖုန်းဆက်ပြီး ပြောလေ့ရှိသလို ၊ ရေသောက်နည်းတဲ့ကျမကို
ရေသောက်ဖို့ အမြဲတတွက်တွက် မှာတက် သတိပေးတက်တယ်။ သူကကောကျမအပေါ်မငြီးငွေ့ ဘူးလား။ ကျမ မှာရှိတဲ့အားနည်းချက်တွေအပေါ်စိတ်မညစ်ဘူးလား။ သူ နဲ့ ကျမ နိုင်ငံတွေခြားပါတယ်။ ဘာကြောင့်စိတ်ချင်းက နီးနေရတာလဲ ။ သူ့ ဂရုစိုက်မှုတွေကြောင့် ကျမဘ၀မှာ သူမရှိရင် မဖြစ်တော့သလို သူကို စွဲလန်းမိတယ် ။ သူက ကျမဘ၀ရဲ့ အချစ်ဆုံးချစ်သူပါ။

ပင်ပင်ပန်းပန်း နဲ့ ကျမအတွက်ကြိုးစားနေတဲ့ကျမ ချစ်သူ

ခုဆို သူအလုပ်တွေ ပင်ပင်ပန်းပန်းလုပ်နေတယ်။သူ့ စိတ်ထဲမှာ ကျမနဲ့ တူတူနေနိုင်ဖို့ ကြိုးစားနေတယ်။
နေ့ မအား ညမအား ကြိုးစားနေရတဲ့သူ့ မှာ အိပ်ချိန်တွေလည်း နည်းလာတယ်။ သူကြိုးစားနေတာကို ကျမအသိအမှတ်ပြုသလို သူ့ အပေါ် ပိုပြီးချစ်ခင်လေးစားမိတယ်။ သူက ကျမ လေးစားချစ်ခင်ရတဲ့ ကျမချစ်သူပါ။

လူ့ ပတ်ဝန်းကျင်းအသိုင်းအ၀ိုင်း နဲ့ အနာဂတ်ချစ်ခြင်းတရား

လောကမှာ လူတွေ၊ အသိုင်းအ၀ိုင်းတွေ ၊မိဘဆွမျိုးသားချင်းတွေ သူတို့ ရဲ့ ရိုက်ခတ်မှုတွေကလည်း ဒဏ်ပြင်းပါတယ်။ "ဘယ်သူတွေက ဘယ်လို ? ဘယ်လို လူမျိုး ? " ဆိုတဲ့ ဂုဏ်ပြိုင်တုဖတ်မှုတွေ၊ "ဘယ်လောက်ပိုက်ဆံရှိတယ် ၊ ဘယ်လောက်ပညာတက်တယ်" ဆိုတဲ့ ပြိုင်ဆိုင်မှုတွေကို စကားလုံးလှလှလေးတွေသုံးပြီး  ဘာလို့  ကျမကိုဝိုင်းဝန်းဖိနှက်နေရတာလဲ။
 
"ဂုဏ်ရှိတာမကောင်းဘူးလား? ကောင်းတာပေါ့။ ဒါပေမဲ့သူတို့ မှာမိသားစုကိုပေးဖို့ အချိန်မရှိဘူး။
ငွေရှိတာမကောင်းဘူးလား? ကောင်းတာပေါ့။ ဒါပေမဲ့ သူတို့ မှာ အကြင်နာ၊မေတ္တာမရှိဘူး။
ပညာတက်တာမကောင်းဘူးလား?ကောင်းတာပေါ့ ။ ဒါပေမဲ့ ဘွဲ့ လေးတစ်ဘွဲ့ သာရတဲ့သူကို သာမာန်ဘွဲ့ လေးနဲ့ ဘာလုပ်စားလို့ ရမှာလဲ ?ဆိုတဲ့မေးခွန်းတွေမမေးစေချင်ဘူး။
(လူတိုင်းကိုမဆိုလိုပါ။များသောအားဖြင့်)"

ကျမ ဘ၀ရဲ့ အနာဂတ်တစ်လျှောက်မှာ 
ကျမရဲ့ ချစ်သူ(သူ့ )လို အဲ့ဒီလိုလူမျိုးတွေကျမကိုတကယ်ချစ်ကြမှာလား ?
သူ့ လို ကျမရဲ့ အားနည်းချက်တွေကို နားလည်ခွင့်လွတ်ပေးနိုင်မှာလား?
သူ့ လို ကျမ ကို ယုံကြည်ပေးနိုင်မှာလား?
သူ့ လို ကျမ ကို အလိုက်တသိ နဲ့ အရာရာ အရိပ်တကြည့်ကြည့်ရှိနေပေးမှာလား?
သူ့ လို ကျမ တစ်ယောက်တည်းကိုပဲ အချိန်ပေးပြီး သစ္စာရှိရှိချစ်နေနိုင်မှာလား?
သူ့ လို ကျမကို အမြဲ ယုယကြင်နာမှာလား?

ကျမ ဘ၀မှာ သူပေးခဲ့တဲ့ မေတ္တာတွေ၊အကြင်နာတွေ၊ချစ်ခြင်းမေတ္တာတွေကြောင့် ဘယ်လိုအခတ်အခဲတွေ ရှိပါစေ သူနဲ့ အတူ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ အင်အားတွေအပြည့်ရှိနေခဲ့ပါပြီ။ 
ကျမလိုအပ်တာ သူရဲ့ အားပေးသံ...
ကျမ တန်ဖိုးထားတာ ပျော်ရွင်ချိန်မှာ တူတူတွဲလျှောက်ခဲ့တဲ့ တွဲလက်တွေ...
ကျမ လေးစားတာ အားငယ်ဝမ်းနည်းချိန်တိုင်း အဆင်သင့်ရှိနေတက်တဲ့ သူရဲ့ ပုခုံးတစ်ဖတ်...
သူကသာ ကျမရဲ့ အနာဂတ်အတွက် ချစ်ခြင်းတရားတွေကိုဆောင်ယူလာတဲ့ ကျမရဲ့ အချစ်ဆုံးချစ်သူ...


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS