အော်....ဘဝ ဘဝမှာ
လတ်လတ်ဆတ်ဆတ် ဖြစ်ပျက်ခဲ့တဲ့
သင်ခန်းစာလေးပေါ့
စိတ်ဓါတ်လည်းမကျနဲ့
သရုပ်လည်းမပျက်နဲ့
လောလောလတ်လတ်
ရုတ်တရက်ဆိုတဲ့အခါတိုင်း
ရှားပါးသွားတာ မိတ်ဆွေစစ်လားကွယ်
ဒါမျိုးပေါ့လောကကြီးထဲမှာ
ကိုယ့်ကိုမနာလိုသူတွေလည်းရှိမယ်
အသာလေးလက်လျှိုသွားသူလည်းရှိမယ်
ငါ့အလှည့်ကဘယ်တော့လည်းလို့
လာမမေးနဲ့ဦး ငါက
သဒ္ဒါလည်းမတိုဘူး
အထာလည်းပိုတာမဟုတ်ခဲ့ရပါဘူး
လောကကြီးမှာ မိတ်ဆွေတွေပါလို့လာပြော
ပုခုံးဖတ်ပြီးလာလာပြုံးပြလိုက်တိုင်း
ငါ့ရင်ထဲကအလိုလိုနေရင်းကျောချမ်းနေမိတယ်
ဒီအချိန်မှာငါပြန်လွမ်းမိတာ
အေးချမ်းတဲ့ အမေ့ရဲ့ရင်ခွင်လေးထဲမှာပါ
သူက(အမေ)ပဲသေချာတယ်
လုံခြုံ စိတ်ချပြီး ဘဝအတွတ်
အာမခံကောင်းတယ်
လောကကြီးရယ် အပြောလေးတွေ
ဆင်ခြင်ပေးကြပါအုန်း
ငါ့မှာ အချစ်ကသပ်သပ်
ငါ့ရဲ့ အတ္တမာန်မာနကတခြား
အဆင်မပြေမူခဏတာလေးနဲ့တော့
ဖြစ်ပျက်ခဲ့တာတွေနဲ့ဘာမှမဆိုင်ဘူးလို့
ငါလေ ပြန်ပြောပြလိုက်ချင်ရဲ့
လူတစ်ကာရဲ့နောက်ကွယ်မှာတော့
ဘယ်သူကချစ်တယ် မချစ်ဘူးဆိုတဲ့
အဓိပ္ပါယ်မရှိတဲ့စကားတွေလည်းငါမပြောချင်ဘူး
နောင်တစ်နေ့ကျရင်
တိမ်တိုက်တွေလိုပျောက်ကွယ်သွားမှာပါ
လောကကြီးရယ် ဆင်ခြင်ပေးကြပါအုန်း
အကြွေပန်း မျက်ရည်
လောကတစ်ခုလုံး သူ့အတွက် ဖန်ဆင်းပေးခဲ့ချင်တာပါ
အတိတ်တွေ ဆွဲဆွဲထုတ်ပြီး ငြိုညင်ပြမှတော့
တန်ဖိုးတွေ.. တိုးလျှိုး
မှိန်ဖျော့.. သွားတယ်...
ကိုယ့်ဘဝ တစ်ခုလုံးလို...
ကိုယ့် အနာဂါတ်လို...
ကိုယ့် အရာရာအားလုံးလို..
နောက်.. မွှေးပျံ့နူးညံ့တဲ့ ပန်းတစ်ပွင့်လို
ကိုယ့်ရင်ခုန်သံရဲ့ ရှင်သန်ရာလို...
သိမ်မွေ့စွာ စီးဆင်းတယ်ခဲ့တယ်
ကွေ့ကောက်တဲ့ လမ်းတွေနဲ့အတူ
လျှို့ဝှက်စွာ စီးဆင်းတတ်ခဲ့
ဒီလိုနဲ့....
ငါလေ နှုတ်ဆိတ်တတ်လာခဲ့မိတယ်
သူ... တွန့်ဆုတ်တွေဝေခဲ့ပြီ
နောက်.. သူ့အချစ်တွေ အရင်လို မဝေဆာတော့ဘူး
ငါ လျှို့ဝှက်ခဲ့တာ လိမ်ညာတာမှ မဟုတ်ခဲ့ပဲလေ...
ဒီလို အားနည်းချက်တွေနဲ့သူဆိုတာ ဖွင့်ဟခဲ့ပြီးသားပါကွယ်
ဟန်မဆောင်တတ်တော့...
ငိုချင်ရက် ပြုံးဖို့ခက်ခဲ့တယ်....
လွဲတတ်တဲ့ငါ့ကို.. သူကတောင်
ဟားတိုက်လှောင်ပြောင်
(တစ်ခါတစ်ခါ)..
လူ့အန္ဒကောင် ဖြစ်လို ဖြစ်ခဲ့....
မထူးဆန်းတော့ပါဘူး...
မခူးခြွေရက်တဲ့ပန်းတစ်ပွင့် အဖြစ်နဲ့သာ...
အများသူငါတွေထဲ...နင်လဲပျော်အောင်
ငါ့အချစ်တွေကြွေပေးခဲ့တယ်.
နောက်ဆုံးတော့....
ဘယ်လို သက်သေသစ္စာတည်တည်
အကြွေပန်း မျက်ရည်
ငါလွမ်းတတ်လို့နေပြီး
ဟန်ဆောင်အပြုံး
နေတွေဘယ်လောက်ပဲပူပါစေ
မြေလို မာအောင်ငါကြိုးစားမယ်
ရေလို အမြဲမအေးနိုင်ပေမယ့်
လေလို အမြဲငါပြေးလို့နေမယ်
အောက်ကျခံတယ်ဆိုတာက
ဘဝမကျပါဘူး..
အချစ်ကိုတွေး..ဆွေး..ငေး..ပြေး...
ကံမကောင်းချင်းတွေကို
အဝေးကိုလွင့်ပစ်ပြီး
လက်ဆေးပစ်လိုက်ချင်ရဲ့
၃၁ ဘုံက လူသားတွေ
တွေးကြည့်ရင်မောတယ်..
အပြောင်းလဲမြန်တယ်
အချိုးအကွေ့များတယ်..
လူတွေက လူသားဆန်လွန်းတယ်
ကောင်းတာက ခဏတာဟန်ဆောင်အပြုံး
မကောင်းတာက တစ်ဘဝတာ မဲ့ပြုံးပြုံး
နောက်ကွယ်မှာ အမုန်း
အဲတာတွေကိုငါလေ
မလိုချင်ပါဘူး
မယူချင်ပါဘူး...
ခုန်ခုန်ကျလာတဲ့ငါ့ရဲ့ မျက်ရည်တွေလည်း
ခမ်းခြောက်လို့နေပါပြီး
အကောင်းမြင်တဲ့စိတ်တွေရယ်
ဝေဖန်သုံးသပ်တာများတော့လည်း
ရုန်းကန်လာရတာပေါ့
အခုတော့ငါလေအရာရာကို
အရှုံးပေး မုန်းနေမိတော့တယ်
စိတ်ထဲက အကြိမ်ကြိမ်
ရေရွတ်လို့ ဘဝကို
စိန်ပစ်လိုက်
ဆိုတဲ့စကားလုံးတွေနဲ့.....
သစ္စာ
"သစ္စာ" ဆိုတာ..
"မေတ္တာ" အခြေခံပါမှ
ခိုင်မြဲရသတဲ့.....
လွမ်းလိုက်စမ်းပါ
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို
နင့်စိတ်တွေ ငါ့ဘေးမှာ မရှိမှတော့
ကူးပါသန်းပါ..ရင်ခွင်သစ်ရှာပါ....
နင်ပျော်ရာကိုလွတ်လပ်စွာ
ပျံသန်းသွားပါတော့
အတိတ်ကငါတို့နှစ်ယောက်ရဲ့
ချစ်ခြင်းတွေအတွက်
နင်ပြန်လှည့်ကြည့်တဲ့
အပေါ်ယံအပြုံးလေးတွေထက်
နင် ရက်စက်ထားခဲ့တာမှ
ပိုကောင်းမယ် ချစ်သူ....
ငါလေတစ်ကိုယ်တည်း
တိုးတိုးလေးငိုကြိတ်မှိတ်ကာ
မင်းရှေ့မှာတော့ မလဲပြိုပါရစေနဲ့
နင်...မလွမ်းတတ်မှတော့
နင့် ရဲ့လွတ်လပ်ပျော်ရွင်မူတွေကို
ငါ့မျက်ရည်နဲ့ မလေးလံစေတော့ဘူး
နှစ်ယောက်အတူမက်ခဲ့တဲ့ အိပ်မက်တိုင်း
အပိုင်းပိုင်း ပဲ့ကြွေကျနေခဲ့တာ
ရင်နာစရာတော့ ကောင်းလှတယ်
ငါ ဖောက်ထားတဲ့ လမ်းကိုတောင်
် ငါဟာငါ ပြန်ရွှေ့
နင့်ဖို့် အနာဂတ်နေ့တွေ
လှပဖို့ကိုး
နင် သာယာရစ်မူးတဲ့
ဝိုင်ချိုချို တစ်ခွတ်ဟာ
ငါမဟုတ်ခဲ့ဘူး
နေသားကျနေတဲ့ငါ့ရဲ့
တစ်ကိုယ်ရည်ဘ၀ထဲ
နင်စိမ်းကားမယ်ဆိုတော့မှ
ငါ့ရဲ့နေ့တွေညတွေက
နှစ်ယောက်တစ်ဘဝ
တူနှစ်ကိုယ်အိပ်မက်တွေဆီ
မျှော်ရည် ကြေကွဲနေရပုံများ
ငါလိုမိုက်မဲမူတွေနဲ့ပြည့်နှက်နေတဲ့
အဆွေးသမားရဲ့ရင်ထဲမှာ
သစ္စာ သာ... တိုင်တည်ဖို့ပေါ့...
သူငယ်ချင်းတစ်ယောက်ရဲ့ရင်ဘတ်ထဲကပွင့်ထွတ်လာတဲ့
ခံစားချက်လေးတွေကိုကဗျာအဖြစ်ပြန်လည်အသက်သွင်းထားတာပါ
................................ဖူး