Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

Happy Birthday My Love


မတ် ၃၁၊ ချစ်သူ့ မွေးနေ့ မှာ
ချစ်သူကို မွေးဖွားခဲ့သော ဖေဖေ၊မေမေ နှင့်တကွ
ချစ်သူ တစ်ယောက်  စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး
ဖြစ်ချင်သောဆန္ဒ ဖြစ်နေသာဘ၀ တစ်ထပ်တည်းကျကာ
ချစ်သောသူများ နဲ့ ထာဝရပျော်ရွင်နိုင်ပါစေ....



သီချင်းလေးက ကို့ အတွက်မွေးနေ့ ဆုတောင်းလေးပေါ့...
မွေးနေ့ မှာပျော်ရွင်ပါစေချစ်သူ...
ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေတိုင်းသုံးသင့်သော စကား ၆ ခွန်း


ကမ္ဘာကုလသမဂ္ဂထုတ် သတင်းစာစဉ်မှာပါရှိတဲ့ နေ့ စဉ်နေတိုင်း လုပ်ကိုင်ရာတွင် 
အသုံးပြုသင့်သော စကား ၆ လုံး။

1.I think I m a mistake.
ကျွန်တော်မှားသွားတယ်ထင်တယ်။
(မှားလျှင်ဝန်ခံပါ။မမှားသောသူမရှိပါ)

2.You did a good job.
ခင်ဗျားလုပ်ဆောင်ချက်ကောင်းပါတယ်။
(ချီးကျူးထိုက်သူကို ချီးကျူးပါ။)

3.What is your opinion?
ခင်ဗျား ဘယ်လိုသဘောရလဲ။
(မေးပါ။ နားထောင်ပါ။ အကြံဥာဏ်ရယူပါ။ တိုင်ပင်ဆွေးနွေးပါ။)

4.If you please
ကျေးဇူးပြုပါ။
(မေတ္တာရပ်ခံပါ)

5.Thank you.
ကျေးဇူးတင်ပါတယ်။
(ကျေးဇူးကိုသိပါ။ထုတ်ဖော်ပြသပါ။)

6.We(not I)
ငါတို့ တတွေ(ငါမဟုတ်) ဟူသော စုပေါင်းလုပ်ဆောင်သော စိတ်သဘောထားဖြင့်ပြုလုပ်ပါ။
ငါစိတ်ကို ဖျောက်ပါ။

ဒီအချက်လေးတွေက ချစ်နိုင်(စိတ်ပညာ) ရေးသော အမျိုးသားစာပေဆုရ "ချစ်လို့ ပြောတယ်မှတ်ပါ" ဆိုတဲ့  စာအုပ်ထဲက ကောက်နှုတ်ချက်လေးပါ။

ချစ်တဲ့သူငယ်ချင်းများချစ်တဲ့သူနဲ့ ထာဝရ ပျော်ရွှင်နိုင်ပါစေ...
ဖူး


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရှင်သန်ခွင့်

ဘယ်လိုအရာတွေကမင်းနဲ့ငါ့ကိုဝေးစေတာလဲကောင်မလေးရယ်…
အဲလိုအဖြစ်မျိုးဖြစ်လိမ့်မယ်လို့လည်း
ငါ့စိတ်ထဲကလုံးဝမမျှော်လင့်ခဲ့မိတာပါ..
ဒီလိုဝေးသွားလိမ့်မယ်လို့
ငါလိုချင်တာမင်းလေးရဲ့အပေါ်ယံအပြုံးတွေမဟုတ်ဘူး
ပကတိရိုးသားဖြူစင်တဲ့အပြုံးနဲ့နူးညံ့သိမ်မွေ့ပြီး
 နားလည်တတ်တဲ့နှလုံးသားတစ်စုံ…
အရာရာကိုသည်းခံခွင့်လွှတ်နားလည်မှုပေါင်းများစွာနဲ့ကြိုနေမယ့်ရင်ခွင်တစ်စုံ.
.မြတ်နိုးကြင်နာခြင်းအပြည့်နဲ့ကမ်းလင့်မယ့်လက်တစ်စုံကိုပါ…
ငါအရမ်းမျှော်လင့်ခဲ့တယ်..
မင်းနဲ့ရင်ခုန်သံချင်းထပ်တူကျခဲ့အတွတ်ငါပျော်သလို
 မင်းလေးလည်း ပျော်၇ွင်ခဲ့မှာပဲလို့
ငါ့စိတ်ထဲမှာထင်ခဲ့တယ်…  
 ကောင်မလေးရယ်ငါဒို့နှစ်ယောက်လုံးရဲ့
အိမ်မက်လေးတွေအတွတ်တူနှစ်ကိုယ်
စိတ်ကူးလေးတွေယဉ်ခဲ့ကြတယ်…
မျှော်လင့်ချက်တိုင်းမှာငါဒို့နှစ်ယောက်ရဲ့အနာဂတ်ဟာတောက်ပလို့ပေါ့ 
 အဲ့ဒါတွေကအိပ်မက်တွေဆိုရင်ငါမနိုးထပါရစေနဲ့ချစ်သူ…
အိမ်မက်ထဲမှာရှင်သန်ခွင့် ပေးပါ…
တကယ်တော့လောကကြီးမှာငါတစ်ယောက်ထဲပါ…
မင်းပေးခဲ့တဲ့အလွမ်းတွေကိုငါအမြတ်တနိုးသိမ်းထားမှာပါ..
နောက်ဆုံးထွက်သက်အထိပေါ့....

ဒါတွေကိုမင်းလေးသိနိုင်ပါ့မလားကောင်မလေးရယ်



                            ..................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မျှော်လင့်မိသော နေ့လေး


ကောင်မလေးရယ်
ငါလေ မင်းလေးကိုအကြင်နာ
နွေးထွေးမူ အပြည့်နဲ့ပေးဆပ်ခဲ့တာပါ
ငါ့ရင်ခွင်ဟာ မင်းအတွတ်
ထာဝရမှေးစက်မှီခိုဖို့အတွတ်
ရင်ခွင်တစ်ခုလုံးကိုဖွင့်ဟခဲ့သူပါ
ဒါပေမယ့် မင်းလေးမှ
အရေးမထားတော့လည်း
ရင်ခွင်တစ်ခုလုံးခြောက်ကပ်လွန်းလို့နေခဲ့တယ်
တစ်ကယ်တော့
ငါလေမင်းလေးအပေါ်မှာအနိုင်ယူလိုစိတ်မ၇ှိခဲ့ပါဘူး
အရာ၇ာတိုင်းမှာ ငါဟာရှံးနိမ့်သူတစ်ယောက်
ဖြစ်ခဲ့မှာကိုတွေးကြောက်မိတော့
ငါ့ရဲ့အတ္တ မာန်မာနတွေကို
ရှေ့တန်းတင်ထားတဲ့စိတ်ကြောင့်
ငါတို့ နှစ်ယောက်ကြား
တစ်ဖြည်းဖြည်းနဲ့ နီးလျှက်နဲ့
ဝေးလို့သွားကြတယ်
အခုတော့
ငါ့ရဲ့ခံစားချက်တိုင်းဟာအသက်မဲ့လို့နေမိတယ်
ဒို့ နှစ်ဦးကြားက နာကျင်ခံစားမူတွေကို
သင်ပုန်းချေလို့ ဆန္ဒတွေထပ်တူကျလာမဲ့
တစ်နေ့ကို ငါ မျှော်လင့်စောင့်စားနေရင်း....


                                         .........................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လုပ်ငန်းခွင်တွင်ထိရောက်တွင်ကျယ်စေမည့် နည်းလမ်း


              
ဖူး မှာအကျင့်တစ်ခုရှိပါတယ်...ဖူး စာဖတ်ပြီးရင် ကြိုက်တဲ့စာလေး တွေကို စာအုပ်ထဲမှာ ကူးထားတက်ပါတယ်...ဒီနေ့ ဖူးပျင်းနေလို့ ဖူးရဲ့ စာအုပ်လေးတွေကို ပြန်ဖတ်ရင်း ဖူးစာအုပ်လေးထဲကနေ ဒီပို့ စ်လေးကို တင်လိုက်တာပါ ...

           ဖူးတို့ တွေအမြဲတမ်း အလုပ်တွေလုပ်နေကြရတယ်လေ...ခုက လုပ်ငန်းခွင်မှာ အဆင်ပြေမဲ့အချက်လေးတွေပေါ့...

၁။အရှည်မျှော်ခေါ်ဆောင်ရွက်ပါ။
            လူတွေဟာ ရေတိုအလုပ်၊ရေတိုအကျိုးအတွက် ငုံ့ ပြီးလုပ်နေရင်း ဒုက္ခလှလှတွေ့ ရတက်ပါတယ်။
အလုပ်ထဲမှာ ဘာဖြစ်လာနိုင်မယ် ဆိုတဲ့  ရှေ့ ကို မျှော်မြင်ပြီး ကြိုတင်ဆင်ခြင်တက်ကြပါက အခတ်အခဲနည်းပါ ပါလိမ့်မယ်။

၂။ရှင်းရှင်းလင်းလင်းလုပ်ဆောင်ပါ။
             ရှင်းရှင်းလင်းလင်း တွေးခေါ်ပြောဆို လုပ်ကိုင်တာ အောင်မြင်မှုအခြေခံကောင်းတစ်ခုဖြစ်တယ်။
ရှုပ်ရှုပ်ထွေးထွေး ဝေ့လည်ကြောင်ပတ် မလုပ်ပါနဲ့ ။အကျိုးမရှိပါဘူး။ ဘယ်အလုပ်မဆို ရှင်းလင်းလွယ်ကူတာ
အကောင်းဆုံး ဖြစ်ပါတယ်။

၃။တိကျရမယ်။
              အလုပ်လုပ်ရာ မရေမရာ မပြောရဘူး။ မသေမချာ မဖြစ်ရဘူး။စကားပဲပြောပြော၊ 
ဝါကျတစ်ကြောင်းပဲ ရေးရေး ၊စာရင်းတစ်ခု တိတိကျကျဆွဲရာ မှာပဲဖြစ်ဖြစ် တိကျသေချာရမယ်။
ဒီ ၆ ချက်က ခိုင်မာတဲ့အတွက် အောင်မြင်တိကျ ဖို့ အတွက် သော့ချက်ပဲ။ဒါကိုသိအောင်လုပ်ရမယ်။

                             ၁။ဘယ်သူလဲ(who)
                             ၂။ဘယ်အချိန်လဲ(when)
                             ၃။ဘယ်နေရာမှာလဲ(where)
                             ၄။ဘာကြောင့်လဲ(why)
                             ၅။ဘာကိုလုပ်မှာလဲ(what)
                             ၆။ဘယ်လိုလုပ်မှာလဲ(how)

၎။ပေါင်းစပ်ညှိ နှိုင်းပြီး ဆောင်ရွက်ရပါမယ်။
               လုပ်ငန်းကြီးလေ တစ်ဦးတည်းပြုလုပ်၍ မဖြစ်နိုင်ပေ။လုပ်ငန်းမှန်သမျှ မှာ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါတဲ့အချက်တစ်ခုပါပဲ။

၅။အချိန်မှီပြီးစီးဖို့ သတိပြုရပါမယ်။
               ကိုယ်သတ်မှတ်ထားတဲ့အချိန်၊ ကိုယ့်ကိုပေးထားတဲ့အချိန်မှာ အလုပ်ကို အချိန်မီပြီးအောင်
လုပ်ရမယ်။ဒါမှလည်း အောင်မြင်မှာပေါ့။

၆။အမြဲလေ့ ကျင့်ပါ။
               ဘယ်အလုပ်မဆို မလေ့ကျင့်ရင်မတိုးတက်ဘူး။လေ့ကျင့်ရင် အရည်အသွေးဟာ တစ်နေ့ ထက် 
တစ်နေ့ တိုးတက်လာတာပါပဲ။လုပ်ငန်းခွင်မှာ လေ့ကျင့်ရေးဆင်းတယ်လို့ သဘောထားပြီး ကောင်းသတဲ့
ကောင်းအောင် လေ့ကျင့်ပြုပြင်သွားရမယ်။

ဒီအချက်လေး ၆ ချက်က ဆရာချစ်နိုင်(စိတ်ပညာ)ရေသားတဲ့ စာအုပ်ထဲက ကောက်နှုတ်ချက်လေးပါ။
သူငယ်ချင်းအားလုံး ဘ၀အတွက် စိတ်အင်အား၊ ဗဟုသုတ များတိုးပွားလာနိုင်ပါစေ...

ချစ်တဲ့သူငယ်ချင်းအားလုံး ချစ်တဲ့သူနဲ့ထာဝရပျော်ရွင်နိုင်ပါစေ။
ဖူး


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လက်ဆောင်လေးတွေရဲ့ အဓိပ္ပါယ်(Meaning of Gifts)







သူငယ်ချင်းတို့ ရေ
            ဖူးတို့ တွေမှာ ကိုယ်ချစ်ရတဲ့သူတွေကို လက်ဆောင်ပေးစရာတွေအများကြီးရှိပါတယ်။
ဒါပေမဲ့ တစ်ခါတစ်ခါ ဘာပေးလို့ ပေးရမှန်း ကို စဉ်းစားတာ မရဖြစ်တက်ပါတယ်။ ပြီးတော့ 
လက်ဆောင်လေးတွေမှာ သူတို့ နဲ့ သက်ဆိုင်တဲ့ အဓိပ္ပါယ်လေးတွေရှိနေတက်သေးတယ်။
နိုင်ငံတစ်ခု နဲ့ တစ်ခု သတ်မှတ်ပုံခြင်းလေးတွေကတော့ ကွာနိုင်တာပေါ့နော်..ဒါပေမဲ့ သူငယ်ချင်းတွေ 
အားလုံးအတွက် ပျော်စရာလည်းကောင်း ၊စိတ်ဝင်စားစရာလည်းကောင်းလို့ တင်ပေးလိုက်ပါတယ်နော်...

လက်ဆောင်လေးတွေရဲ့ အဓိပ္ပါယ်ကတော့...


၁။ လည်စည်းပ၀ါ       -   ငါ မင်းကို ထာဝရချစ်နေပါ့မယ်...
                                 မင်းက ငါ့ရင်ထဲမှာ အမြဲရှိနေမှာပါ...
                                 အဆုံးမရှိ ချစ်ခြင်းမေတ္တာ...
၂။ပန်းစည်း              -   မင်း နှလုံးသားထဲမှာ ငါ့နံမည်လေး ထားခဲ့ပါရစေ...
                                ငါ မင်းကိုချစ်တယ်...
                                ကျေးဇူးတင်ပါတယ်...
၃။စာတစ်စောင်        -   ငါ မင်းကို အရမ်းလွမ်းနေတယ်...
၎။ဆေးလိပ်             -   ငါ မင်းကို မုန်းတယ်...မင်းနဲ့ ပတ်သတ်ပြီး ခံစားချက်မရှိတော့ဘူး...
၅။လက်စွပ်              -   ငါ မင်းကို ထာဝရ ပိုင်ဆိုင်ပါရစေ...
၆။ထီး                     -   ဘယ်လို ကိစ္စမျိုးမဆို ငါ မင်းအတွက် ကာကွယ်ပေးမယ်...
၇။ခါးပတ်                -   ငါ မင်းကို ငါ့အနားမှာ ထာဝရရှိစေချင်တယ်...
၈။ပီကေ                 -   ငါ မင်းနဲ့ အမြဲတူတူရှိချင်တယ်...
၉။ဆံထိုး/ဆံညှပ်       -   ကောင်းသောအောင်မြင်မှုရပါစေ...
၁၀။ကြည့်မှန်           -   နင် ငါ့ကို မမေ့ပါနဲ့ ၊မှန်ကြည့်တိုင်သတိရနေပေါ့...
                               မင်းနဲ့ ပတ်သတ်ပြီး ငါ့ခံစားချက်ကို တစ်ချက်လောက်ကြည့်ပေးပါ... 


၁၁။ချောကလတ်      -   ငါ မင်းကိုချစ်တယ်...
၁၂။မီးခြစ်               -   မင်း က ငါ့ရဲ့ အချစ်ဦးပါ...
၁၃။ဘော့ပင်           -   ငါ့နှလုံးသားတစ်ခြမ်းကို ဒီ(ဘော့ပင်)ထဲမှာထည့်ထားတယ်...
၁၄။ အယ်လ်ဘမ်     -   ငါတို့ အချစ်တွေ ထည့်ထားဖို့ ပေါ့...
၁၅။သော့ချိတ်         -   ကံကောင်းပါစေ...
၁၆။ကံကောင်းစေ    -   ငါ မင်းရဲ့ သူငယ်ချင်းဖြစ်ချင်တယ်...
    သည့်အဆောင် 
၁၇။လက်ကိုင်ပ၀ါ      - ခွဲခွာပြီးနောက်ပိုင်း ပြန်ဆုံမဲ့အချိန်ကို ငါ့စောင့်နေပါ့မယ်...
၁၈။ညအိပ်ဝတ်စုံ       - ငါပိုင်တဲ့အရာအားလုံး မင်းကိုပေးနိုင်ပါတယ်...
၁၉။ဒိုင်ယာရီစာအုပ်   -  ငါ့ရင်ထဲ၊အတွေးထဲမှာ မင်းအမြဲရှိနေမှာပါ...
၂၀။အရုပ်               -   တစ်ရက်ပြီးတစ်ရက် နေ့ ရက်တွေတိုင်း ငါ့ကိုသတိရပေးပါ...

 

၂၁။ဖိနပ်                -   ငါ မင်းနဲ့ လမ်းခွဲပါရစေ...
၂၂။ပန်းချီကား         -    ငါ့တို့ ရဲ့ အတွေးစိတ်ကူးလေးတွေ ထာဝရ ဆက်လက်ခိုင်မြဲပါရစေ...
၂၃။နေကာမျက်မှန်   -    ဘယ်သူမှမသိတဲ့ မင်းရဲ့ အကြောင်းတစ်ချို့ ကို ငါသိချင်တယ်...
၂၄။မျက်နှာသုတ်ပ၀ါ -   ငါ မင်းကို နှုတ်ဆက်ဖို့ အချိန်တန်ပြီ လို့ ထင်တယ်...
၂၅။လည်ဆွဲ           -   ငါ မင်းကို ငါ့အနားမှာရှိစေချင်တယ်...
၂၆။လက်ပတ်နာရီ   -   တွေ့ ဆုံချိန်တိုင်းချစ်ခင်မြတ်နိုးယုယ ကြမယ်နော်...
၂၇။ဆွယ်တာ         -   ငါ မင်းအတွက် အမြဲပြင်ဆင် ပေးချင်တယ်...
၂၈။မိုးကာအင်္ကျီ      -   ငါ မင်းကို အမြဲ ဂရုစိုက်ချင်တယ်...
၂၉။ဖုန်းကဒ်           -   ဘယ်နေရာဖြစ်ဖြစ်၊ဘယ်အချိန်ဖြစ်ဖြစ် မင်းအသံလေးကိုအမြဲကြားချင်တယ်...
၃၀။ရေမွှေး            -    အမြဲ ငါ့ကို သတိရနေနော်...


ကဲ ချစ်သူငယ်ချင်းလေးတွေရေ...
ကြိုက်တာရွေး ပြီးလက်ဆောင်ပေးတော့နော်...
ပြီးရင်ဘယ်လို့ အဓိပ္ပါယ်ဆိုတာပါပြောပြပေးလိုက်ဦးနော်...

http://www.yaoiotaku.com/forums/threads/1323-The-Meaning-of-Gifts

ဒီလင့်လေးထဲ ကဘာသာပြန်ထားပေးတာပါ...

ချစ်သူငယ်ချင်းများ ချစ်တဲ့သူနဲ့ ထာဝရပျော်ရွင်နိုင်ပါစေ...

ဖူး



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နွေ

သူငယ်ချင်းတို့ရေ
ငါတို့အမြဲတူတူ  သွားကျတဲ့
တောင်ရိုးတန်းလေးနဲ့
 ရှခင်းသာဗျူးပွိုင့်လေးမှာ
တစ်ယောက်ကို  တစ်ယောက်စလိုက်နောက်လိုက်
ပျော်ရွင်ကြည်နူးခဲ့ကျတယ်
လမ်းမထိပ်က ပိတောက်ပင်အိုကြီးကတော့
ဒီအချိန်လောက်ဆို
လွမ်းမောစရာ  တနင့်တပိုးနဲ့
သင်္ကြန်မိုး လေးကို  မျှော်နေလောက်ပြီး
နွေ.....ရဲ့သင်္ကေတဖြစ်တဲ့
ဥသြလေးတွေကလည်း
အလွမ်း သီချင်းလေးတွေကို ကျူးရင့်နေရဲ့
ငါလည်းပဲ   ကုန်လွန်ခဲ့တဲ့
တစ်ချိန်က  ပျော်ရွင်စရာ  နေ့ရက်လေးတွေကို
လွမ်းမောနေမိတယ်
နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာရောက်လို့နေလည်း
မွေးရပ်မြေကို မျှော်ရည်မှန်းဆကာ
ငါတို့သူငယ်ချင်းတွေ
ဘယ်တော့များမှ  အတူတူပြန်ဆုံကြမလဲ
သတိရမိတယ်
မိုးတွေအရမ်းရွာနေတဲ့
အတိတ်က   ပိတောက်တွေ
ဖူးပွင့်နေတဲ့    သင်္ကြန်နေ့ရက်လေးဆီ......


                   ...................................အသည်းလေး


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်ရူးတစ်ယောက်

 
           ကောင်လေးတစ်ယောက်ဟာ သူ့ ကို အမြဲထိခိုက်နာကျင်အောင်လုပ်တက်တဲ့   ကောင်မလေးတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်ခဲ့တယ်။
တစ်နေ့ မှာ ကောင်မလေးက  ကောင်လေးကို ပြသနာအမျိုးမျိုးရှာပြီး ထားသွားခဲ့တယ်။
           သုံးလလောက်အကြာ ကောင်မလေးရဲ့ စိတ်ထဲမှာ ကောင်လေး သူ့ ကိုတကယ်
ချစ်ခဲ့တယ်ဆိုတာကိုနားလည်လာခဲ့တယ်။သူက ကောင်လေးဆီကို ပြန်လာပြီး
"ငါ့ ကိုအခွင်ရေးတစ်ခု ထပ်ပေးပါ...
ငါ နင့်ကိုနားလည်ပါပြီ...
ငါ နင့်ကို အရမ်းချစ်ပါတယ်...
ငါ့ ဘ၀မှာ နင်မရှိလို့ မဖြစ်ဘူး...
ငါ နင့်ကို နောက်ထပ်ထိခိုက်နာကျင်အောင်မလုပ်တော့ပါဘူး " 
လို့ တောင်းပန်လိုက်တယ်။
   ဒါပေမဲ့ ကောင်လေးက ပြုံးပြီး
"ကိုယ့် ကို ရက်ရက်စက်စက် ပစ်ထားခဲ့မိန်းမတစ်ယောက်ကို အရူးတွေသာ ပြန်လက်ခံလိမ့်မယ်" တဲ့ 
          ကောင်မလေးက မျှော်လင့်ချက်မဲ့စွာနဲ့ ငိုကြွေးတော့တယ်။
 ကောင်လေးက သူ့ လက်မောင်းတွေနဲ့ ကောင်မလေးကိုတင်းကြပ်စွာဖတ်ထားရင်းပြောလိုက်တယ်။
....
....
....
....

"ငါဟာ အဲ့ဒီအရူးတွေထဲက တစ်ယောက်ပါပဲ...."

တစ်စုံတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင် အဲ့ဒီလူအပေါ်ခွင့်လွှတ်ခြင်းနဲ့ အတူ
နားလည်သည်းခံပြီး ချစ်သူအတွက်အမြဲအဆင်သင့်ရှိနေနိုင်မှာပါ...

ချစ်တဲ့သူငယ်ချင်းများချစ်တဲ့သူနဲ့ထာဝရပျော်ရွင်နိုင်ပါစေ...

ဖူး



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

soulmate

 "soulmate...ငါမင်းရဲ့ အနားကခွဲလို့ မသွားဘူး...
  soulmate မင်းကလွဲလို့ နောက်တစ်ယောက်မချစ်ဘူး"
"ဖြေးဖြေးလေးငါ့ကို ..နွေးနွေးလေးငါ့ကို...
ထွေးပွေ့ လို့ မင်းနှလုံးသားထဲ တို့ ကာဖတ်ထား
မင်းပြောတဲ့စကားတွေ မင်းပေးတဲ့ကတိတွေ
ငါ့နှလုံးသားလေးထဲ သိမ်းဆည်းလို့ ထားသွားမယ်.."
ချမ်းချမ်းရဲ့ သီချင်းလေးပါ...

    

ချစ်တဲ့သူငယ်ချင်းများ ချစ်တဲ့သူနဲ့ထာဝရပျော်ရွင်နိုင်ပါစေ.....

ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒီတစ်ခါတော့နောက်မကျချင်ဘူးချစ်သူ...

ကောင်ကလေး နဲ့ ကောင်မလေး နေတိုင်းပုံမှန်ချိန်းတွေ့ ကြတယ်...
ကောင်မလေးက အမြဲချိန်းတဲ့နေရာကို အချိန်မှန်ရောက်ပြီး ကောင်လေးကိုစောင့်နေလေ့ရှိတယ်...
ကောင်လေးက အမြဲနောက်ကျမှရောက်တက်တယ်...

တစ်နေ့ မှာ
ချိန်းထားတဲ့နေရာကိုကောင်မလေးရောက်မလာခဲ့ဘူး...
ကောင်းလေးက ကောင်မလေးအိမ်ကို လိုက်သွားတဲ့အခါ ကောင်မလေးအတွက်အသက်ရှင်နေရမဲ့ 
၃ ရက်ပဲကျန်တော့တာကိုသိခဲ့ရတယ်...

ကောင်လေးက ချက်ချင်းပဲ အိမ်ကိုပြန်သွားပြီး သူ့ ကိုယ်သူသတ်သေခဲ့တယ်...
ဒါပေမဲ့ ကောင်မလေးအတွက် စာလေးတစ်စောင့်တော့ထားခဲ့တယ်...

"သိပ်ချစ်ရတဲ့ ချစ်သူလေး...
မင်းအမြဲတမ်း ငါ့ကို ကြိုစောင့်နေခဲ့ရတယ်...
ဒီတစ်ခါတော့ ငါမင်းကိုကြိုစောင့်နေပါရစေ ချစ်သူရယ်..."

ချစ်တဲ့သူငယ်ချင်းများ ချစ်တဲ့သူနဲ့ ထာဝရပျော်ရွင်နိုင်ပါစေ...

ဖူး


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS