~~~~အတ္တတွေနဲ့လောင်ကျွမ်းနေတဲ့
ငါ့ရဲ့အခန်းလေးထဲမှာ
မွန်းကြပ်ခြင်း သံစဉ်လေးတွေကို
ပါးပါးလေးသာကျန်တော့တဲ့
ရင်ခုန်သံတွေနဲ့ သီဆိုနေခဲ့မိတာ
အကြိမ်ပေါင်းမနည်းတော့ပါဘူး
အချစ်ကို မွေးဖွါးသူနဲ့
ရှင်သန်လာသူနှစ်ဦးကြားမှာ
ရင်ခုန်သံတွေကထပ်တူမကျခဲ့ဘူးဆိုတာကို
လက်တွေ့သိလိုက်ရတဲ့အချိန်မှ
ငါ့နှလုံးသားခုန်သံက
ဆက်လက်ရင်ခုန်နေဆဲပဲလေ
ငါ့ရင်ထဲကရှင်သန်ပေါက်ဖွါးလာတဲ့
ချစ်ခြင်းမေတ္တာနဲ့
မင်းရဲ့ရင်ထဲက သန့်စင်မွေးဖွါးပေးလိုက်တဲ့
ချစ်ခြင်းသံယောဇဉ်တို့ကြား
နားလည်ယုံကြည်မူ မြတ်နိုးတွယ်တာမူ
ကြင်နာသနားတတ်မူ ခွင့်လွတ်အနစ်နာခံမူ
သီးခံယုံကြည်မူတွေက
တစ်ထပ်တည်း ဘယ်တော့မှမကျပေမယ့်
ရှင်သန်နေတဲ့ချစ်ခြင်းများစွာနဲ့
ဆုံးတစ်သက်တိုင် မင်းကို
ဆက်ချစ်နေဆဲပါ .......ချစ်သူရယ်~~~~~
......................................အသည်းလေး
ငါ့ရဲ့အခန်းလေးထဲမှာ
မွန်းကြပ်ခြင်း သံစဉ်လေးတွေကို
ပါးပါးလေးသာကျန်တော့တဲ့
ရင်ခုန်သံတွေနဲ့ သီဆိုနေခဲ့မိတာ
အကြိမ်ပေါင်းမနည်းတော့ပါဘူး
အချစ်ကို မွေးဖွါးသူနဲ့
ရှင်သန်လာသူနှစ်ဦးကြားမှာ
ရင်ခုန်သံတွေကထပ်တူမကျခဲ့ဘူးဆိုတာကို
လက်တွေ့သိလိုက်ရတဲ့အချိန်မှ
ငါ့နှလုံးသားခုန်သံက
ဆက်လက်ရင်ခုန်နေဆဲပဲလေ
ငါ့ရင်ထဲကရှင်သန်ပေါက်ဖွါးလာတဲ့
ချစ်ခြင်းမေတ္တာနဲ့
မင်းရဲ့ရင်ထဲက သန့်စင်မွေးဖွါးပေးလိုက်တဲ့
ချစ်ခြင်းသံယောဇဉ်တို့ကြား
နားလည်ယုံကြည်မူ မြတ်နိုးတွယ်တာမူ
ကြင်နာသနားတတ်မူ ခွင့်လွတ်အနစ်နာခံမူ
သီးခံယုံကြည်မူတွေက
တစ်ထပ်တည်း ဘယ်တော့မှမကျပေမယ့်
ရှင်သန်နေတဲ့ချစ်ခြင်းများစွာနဲ့
ဆုံးတစ်သက်တိုင် မင်းကို
ဆက်ချစ်နေဆဲပါ .......ချစ်သူရယ်~~~~~