Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

Welcome Happy New Year 2013....

မေ့မရတဲ့ ဂရုစိုက်မှုတွေနဲ့ 
မင်းအပြုံးတွေကိုတမ်းတ
လွမ်းရတဲ့ ဘ၀က
မွမ်းကြပ်တယ်...ချစ်သူ...




ဆင်တူအင်္ကျီနဲ့ 
ပျော်စရာ ၂၀၁၂မှာ
ချစ်သူလက်ကိုတွဲ
ရဲရဲလျှောက်ခဲ့လမ်းတွေ
ချစ်သူပခုံးကိုမှီရင်း
ခံစားချက်တွေမျှဝေခဲ့
နေရက်တွေတိုင်း
Valentine ပေါ့...ချစ်သူ...



ပုံးနေတဲ့ နှုတ်ခမ်းရဲ့ ပျော်ရွင်မှု
မဲ့နေတဲ့ နှုတ်ခမ်းရဲ့ နာကျင်မှု
အံ့သြစရာကောင်းတဲ့ ဘ၀လှိုင်းဒဏ်တွေကြား
မြှပ်တစ်လှည့် ပေါ်တစ်လှည့်
ကြိုးစားဖြတ်သန်းရင်း
ဆိုးအတူ ကောင်းဘက်
တွဲလက်တွေခိုင်မြဲခဲ့တယ်...ချစ်သူ...


December 31 ,2012 မှာ
နှစ်ဟောင်းကုန်သွားပေမဲ့
မကုန်ဆုံးနိုင်တဲ့ အချစ်တွေနဲ့ 
အပေးအယူမျှတဲ့ နားလည်မှုပေါင်းစု
အပြန်အလှန် ယုံကြည်မှုတွေကို သစ္စာပြုရင်း
ပျော်စရာကောင်းတဲ့
Happy new year 2013 ကို
တူတူကြိုဆိုလိုက်ရအောင်...ချစ်သူ...

ချစ်တဲ့ သူငယ်ချင်းများ ၂၀၁၃ မှာ ပျော်ရွင်သောနှစ်သစ်ဖြစ်ပါစေ...

ဖူး


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

HAPPY NEW YEAR 2013

           ချပ်....ချပ်.........ချပ်...နဲ့အချိန်
နာရီတွေကသက္ကရာဇ်  ၂၀၁၂  ကို
တစ်ရွှေ့ရွှေ့နဲ့ကုန်လွန်ခဲ့ပြီး
သူငယ်ချင်းတို့ရေ
ငါတို့တစ်တွေရဲ့ကျန်ခဲ့တဲ့
အတိတ်ကာလမှာ
စိတ်ပျက်ဝမ်းနဲစရာတွေ
ရှိခြင်ရှိခဲ့မယ်....
ပေးဆပ်ခဲ့ရတာ     နာကျည်းခဲ့ရတာတွေ
ရှိခဲ့မယ်    မလုပ်ခဲ့  မပျက်သားခဲ့တာတွေ
အဆင်မပြေမူတွေနဲ့    ပူလောင်သောကတွေ
ရှိခြင်ရှိခဲ့မယ်....
မင်းဘာမှစိတ်ဓါတ်မကျလိုက်နဲ့
သူငယ်ချင်း 
လောကကြီးမှာ   အဆိုးနဲ့အကောင်း
ကဒွန်တွဲနေသလို
ခရောင်းလမ်းတွေ   ပြီးရင်  ပန်းခင်းသောလမ်းပေါ့
ငါတို့တစ်တွေရဲ့ဘဝမှာ
အမှားတွေရှိခဲ့ရင်လည်း
ပြင်ဆင်ဖို့အချိန်ကနောက်မကျသေးပါဘူး
သက္ကရာဇ်    ၂၀၁၃  မှာ
ငါတို့တစ်တွေ ဘဝကိုအကျိုးရှိရှိအသုံးချပြီး
အောင်မြင်မူ  တွေ  ဆွတ်ခူးဖို့အတွတ်
စိတ်သစ်  လူသစ်နဲ့
၂၀၁၃  ......ဆိုတဲ့  နှစ်သစ်ကိုကြိုဆိုရင်း
အပြုံးပန်းတွေ   အားမာန်စိတ်ထားတွေနဲ့
ငါတို့တစ်တွေ     အတူတူ
လျှောက်လှမ်းကြရအောင်  ...


         ..............သူငယ်ချင်းအားလုံးကိုဒီနေရာလေးကနေဆုမွန်ကောင်းတောင်း
ပေးလိုက်ပါတယ်    ကောင်းသောနှစ်သစ်ကူးလေးကိုအားလုံးသောသူငယ်ချင်းတို့
ပိုင်ဆိုင်ကျပါစေလို့ဆန္ဒပြုလိုက်ပါတယ်

                                      ..............................အသည်းလေး                                                                         


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒီဆောင်း


 နှင်းခဲလေးတွေတစ်ဖွဲဖွဲကျလို့
မှောင်ရိပ်သန်းနေတဲ့ဒီလမ်းလေးထဲမှာ
လေ၇ာင်ကအလင်းယဲ့ယဲ့လေးနဲ့
ကဗျာဆန်လွန်းလှတဲ့ ......ဒီဆောင်း
သစ်ကိုင်းခြောက်တွေပေါ်
ခိုတွယ်နေတဲ့  နှင်းစက်လေးတွေ
အိမ်ခေါင်မိုးပေါ်တစ်တောက်တောက်
ကျနေတဲ့နှင်းစက်တွေရယ်
ဘယ်နေရာကိုပဲကြည့်ကြည့်
နေရာတိုင်းနေရာတိုင်းအဖြူရောင်သန်းလို့
လွမ်းဆွတ်တမ်းတမူတွေကိုပေးနိုင်လွန်းတဲ့ဆောင်း
ဒီဇင်ဘာရဲ့နောက်ဆုံးညလေးမှာ
ပျော်ရွင်မူတွေနဲ့
ဒို့      .....နှစ်ယောက်အတူတူ
နှစ်သစ်ကိုကြိုတဲ့ဆောင်း
အို  ဆောင်းရယ်
မင်းရဲ့အလှကို  ကဗျာတွေဖွဲ့
စာတွေတည်     သီချင်းတွေဆိုရင်း
မြူနှင်းတွေဆိုင်းတဲ့  ဒီမနက်ခင်းလေးမှာ
ချမ်းစိမ့်စိမ့်နဲ့   ကိုယ့်တစ်ယောက်တည်း
နွေးထွေးတဲ့ချစ်သူ့ကိုယ်ပွါး
ဒီစောင်လေးကိုခြုံပြီး
တစ်ကိုယ်တည်းဆက်ကွေးလိုက်ဦးမယ်.................p;p;p;

                                                 .........................................အသည်းလေး



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်ဆိုသည်မှာ

           လောကကြီးမှာကျွန်တော်တို့တစ်တွေချစ်သာချစ်နေကြတာ အချစ်ဆိုတာဘာလဲလို့
 အမေးခံရတော့လည်း ယောင်လည်ယောင်လည် ဖြစ်ကုန်ကျတယ်
 အချစ်ဆိုတာကြီးကလည်းထူးဆန်းလိုက်တာ လူတစ်ဦးချင်းဆီရဲ့ ခံစားချက်နဲ့ လိုက်ပြီး
 ကွဲပြားနေတတ်ပြန်တော့လူတစ်ယောက်ခြင်းစီရဲ့ ခံယူချက်တွေလည်း အမျိုးမျိုးကွဲလွဲနေကျပြန်ရော
       ကျွန်တော်ကတော့အချစ်ဆိုတာ   တစ်ယောက်အပေါ်တစ်ယောက်လေးစားခြင်း!
နားလည်မူရှိခြင်း !  ယုံကြည်စိတ်ချခြင်း  ! သစ္စာရှိခြင်း  တို့  အချိုးကျပါဝင်တယ်လို့
ထင်နေမိတယ်..
        လောကကြီးထဲမှာ    အချစ်တွေအမျိုးမျိုးရှိနေကြတာပဲမဟုတ်လား  သူငယ်ချင်းတို့....?
နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ကြသူတွေ၊ တဖက်သက် နဲ့ နှစ်နှစ်ကာကာချစ်နေသူတွေ။
 ပေးဆပ်မှုတွေ၊ ရယူမှုတွေ၊ နားလည်မှုတွေ နဲ့ ချစ်နေကြတာပဲလေကျွန်တော်ကတော့အချစ်ကို

နှစ်မျိုးခွဲခြားထားတယ်


(၁)အချစ်ဆိုတာ တစ်ခါတစ်လေ အဆုံးစွန်သော နားလည်ပေးမှုတွေနဲ့ စွန့်လွှတ်ပေးနိုင်တယ်

ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် သူကိုယ့်ကို လိုအပ်ချိန်မှာ ရှိနေပေးချင်ကြမယ်၊ မလိုအပ်တော့ဘူးဆိုရင် ပြောနေစရာတောင်မလို ရှောင်ပေးနေပြီးသားဖြစ်နေမယ်။ အဲဒီအတွက်လည်း အမုန်းတွေ ကင်းစွာနဲ့ ကျေနပ်နေတက်ကြတယ်။ အပြစ်တင်ပြောဆိုမှုတွေ ကင်းနေမယ်။ ဘယ်သူမှားခဲ့တယ် ဘယ်သူမှန်ခဲ့တယ်ဆိုတဲ့
 အမှားအမှန်တွေ မရှိ၊ အနိုင်အရှုံးတွေ မရှိ ပကတိ စိတ်ထဲကနေ ချစ်တယ်ဆိုတာနဲ့ပဲ ချစ်ပြသွားတတ်ကြတယ်။


သူ့ကို သူ့စိတ်တိုင်းကျ ရွေးချယ်မှုတွေ ရှိနေစေမယ်။ သူရွေးချယ်နေတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်က နားလည်မှုတွေနဲ့ လက်ခံပေးလိုက်မယ်။ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို သူကလည်း
 ယုံကြည်နေစေသလို၊ သူရွေးချယ်သွားတဲ့ လမ်းအတွက်လည်း ကိုယ်က အသိအမှတ်ပြုပေးလိုက်ပါမယ် ဒီလိုနည်းလေးနဲ့ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို လေးလေးစားစားဖြစ်နေစေမယ်
 ကိုယ်ကိုယ်တိုင် မပူလောင်သောနည်းနဲ့ ကိုယ့်ချစ်သူကိုပါ အေးချမ်းနေစေခြင်တယ်

ကိုယ်ချစ်တဲ့သူကို စွန့်လွှတ်လိုက်ရလို့ နာကျင်ရမှာ မှန်ပါတယ်ဒါပေမယ့် ကိုယ့်အနားမှာ
 သူရှိနေပြီး သူ့စိတ်က ကိုယ့်ဆီမှာ မရှိပဲ နှစ်ယောက်လုံး နာကျင်နေရမှာထက်စာရင် ကိုယ်တစ်ယောက်တည်း နာကျင်နေရတာက ပိုကောင်းပါတယ်။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို နှစ်ဦးနှစ်ဖက်ကို လေးစားသောအားဖြင့် ဆုံးဖြတ်ရမှာပါပဲ

 ဒါကတော့ တစ်ဖက်သတ် အချစ်နဲ့ ဆိုင်တယ်လို့ဆိုရမှာပေါ့.....

(၂)နှစ်ဦးနှစ်ဖက် ချစ်နေကြသူတွေမှာတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားယုံကြည်မှုက အရေးအကြီးဆုံး
တစ်ဦးတစ်ယောက်ကိုချစ်လာတဲ့အခါ သူလိုအပ်တာလေးတွေကို အလိုလိုသိနေနိုင်သလိုသူမကြိုက်တာတွေကိုလည်း မလုပ်မိအောင်
 ရှောင်ဖြစ်သွားတယ် အပြန်အလှန် ယုံကြည်မှုတွေရှိနေမယ်၊ နားလည်မှုတွေနဲ့ စောင့်ထိန်းတတ်လာမယ်
 တစ်ချို့ကတော့ရှိပါတယ် သူမကြိုက်တာတွေကို သူ့ရှေ့မှာ မလုပ်ဘူး၊ နောက်ကွယ်မှာ လုပ်တယ်
သူမှ မသိတာကွာ တစ်ခါတစ်လေပဲ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ ဆင်ခြေလေးတွေနဲ့ အင်းကျွန်တော့်အထင် အဲဒီကစတာပါပဲ..
အဲဒီစကားလေးတစ်ခွန်းက ပြောမယ့်သာပြောတာ သေချာစဉ်းစားကြည့်ရင် ကိုယ်သူ့အပေါ်ချစ်တဲ့
 အချစ်ရဲ့တန်ဖိုးကို ဟိုးအောက်ဆုံးထိ ဆွဲချသွားတတ်တာကိုဘယ်သူမှ သတိမထားမိကြဘူး

တကယ်ပဲလေးလေးစားစားနဲ့ ချစ်မယ်ဆိုရင် သူမကြိုက်တာကို သူ့နောက်ကွယ်မှာ လက်တွေ့မပြောနဲ့ စိတ်နဲ့တောင် မချိုးဖောက်မိအောင် ထိန်းသိမ်း နေမိမှာပါပဲအဲဒီအချစ်တစ်ခုကို ပေါ့ပျက်ပျက်စကားလုံးလေးနဲ့တောင်
 အညှိုးအနွမ်း မခံနိုင်ပါဘူး ဒါကတော့ ကျွန်တော့်ရဲ့ခံယူချက်ပေါ့...

အဲ.. သူ့ဘက်ကိုရော ကိုယ့်အပေါ်ချစ်တဲ့ အချစ်ကို ဘယ်လိုနားလည်ပေးနိုင်မှာလဲ ဆိုရင်တော့.. ဟုတ်ကဲ့ ဒီလိုပဲ ခံယူမိမှာပါပဲ သူသာ ကိုယ့်ကိုတစ်ကယ်ချစ်ရင် ကိုယ်မကြိုက်တာတွေကို ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး သူ့ဘာသာသူ သိနေမှာပါပဲ ဒါမှလည်း တရားမယ်လို့ထင်တယ် ကိုယ့်ဘက်ကချည်းပဲ လိုက်ပြီးနားလည်ပေးနေရမယ်၊ ဖြည့်တွေးပေးနေရမယ်
 ဆိုရင်တော့ တစ်ဖက်သတ်အချစ်နဲ့ ဘာများကွားဦးမှာလဲ..   မဟုတ်ဘူးလား.......?

ဟိုဝတ္ထုစာအုပ်တွေထဲကလိုလူတစ်ယောက်ကိုချစ်ဖို့ကလွယ်ပါတယ် ချစ်မြဲချစ်နေဖို့သာ ခက်တာပါတဲ့...

မှန်ပါတယ် .. တစ်ဦးနဲ့တစ်ဦး ချစ်လိုက်ဖို့က၊ ချစ်သူတွေအချင်းချင်း ချစ်မြဲချစ်နေကြအောင် လုပ်ရတာလောက် မခက်ဘူးလို့ထင်မိတယ်


တစ်ဦးနဲ့တစ်ဦး လေးစားယုံကြည်မှုတွေ နဲ့ အပြန်အလှန် နားလည်ပေးပြီး တည်ဆောက်တဲ့ အချစ်မျိုးမှ စိတ်ထဲမှာ လုံခြုံမှုရှိတဲ့
 အချစ်တစ်ခု ဖြစ်လာမယ်လို့ထင်တယ် တစ်ဦးရဲ့စိတ်ကို တစ်ဦးက လုံခြုံမှုပေးနိုင်ရပါမယ် တည်ဆောက်ထားတဲ့အချစ်တွေ
 ခိုင်မာနေအောင် အလုပ်နဲ့သက်သေပြရမယ်တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ မပျက်စီးသွားအောင် ကြိုးစားတည်ဆောက်နေရမယ်
 ကိုယ်စီ စိတ်ထဲမှာလည်း သံသယတွေ ကင်းနေစေရမယ် သံသယတွေ ကင်းနေစေဖို့လည်း အပြန်အလှန် ကြိုးစားစောင့်ထိန်းနေရမယ်
 ပြဿနာ တစ်ခုခု ရှိလာပြီဆို အရင်ဆုံး အငြင်းမပွားကြဘဲ နှစ်ဦးစလုံးက ပြဿနာရဲ့ အခြေခံ
 အကြောင်းအရင်းကို ခေါင်းအေးအေးနဲ့ စဉ်းစား ပြီး ဖြေရှင်းသင့်တယ်လိုထင်မိတယ်

နှစ်ဦးလုံးရဲ့ စိတ်ထဲမှာ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ကို တွေးလိုက်တာနဲ့ အေးချမ်း လုံခြုံမှုကို ခံစားနေရမယ်ဆိုရင်ဘယ်လောက်များစိတ်ချမ်းသာစရာကောင်းမလဲမဟုတ်လားအချစ်ဆိုတာ

 နှစ်ဦးစလုံးကို အေးချမ်းနေစေတာ အကောင်းဆုံးလို့ ကျွန်တော်ကတော့ထင်နေမိတယ်

ကျွန်တော်ကတော့ နှစ်ဦးနှစ်ဖက် အချစ်ကိုတော့ သည်လိုမျိုးလေးဖြစ်သင့်တယ်ဆိုတဲ့ အတွေးနဲ့ ရေးထားတာပေါ့
တစ်ဖက်သတ် အချစ်ကတော့ သည်လိုမျိုးလေး ချစ်ဖူးတယ် ဆိုတာကိုသူငယ်ချင်းတစ်ယောက်က ပြောပြတာပါ..

      ချစ်သောသူငယ်ချင်းတို့လည်း ကိုယ့်သဘောထားလေးနဲ့ကိုယ်၊ကိုယ့်ရင်ထဲက

ခံယူချက်နဲ့ကိုယ် လွတ်လွတ်လပ်လပ်ချစ်နိုင်ကျပါတယ်
သဘောထား တူညီသူတွေရော၊ မတူညီတူတွေပါ ချစ်ခြင်းမှာ  ပျော်ရွင်အေးချမ်းကျပါစေနော်

                        ......................................အသည်းလေး

           

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တမ်းတမှု



မင်းနဲ့ တွေ့ ရမဲ့ အချိန်တွေကို
လက်ချိုးရေတွက်
မက်ခဲ့တဲ့ အိမ်မက်ရက်တွေလည်း
များနေပြီချစ်သူ...


တချိန်က ပျော်ခဲ့တာလေးကို
ပြန်တွေးရင်း အလွမ်းနေ့ တွေကိုကျော်ဖြတ်
အိပ်ခက်တဲ့ ညတွေလည်း
များနေပြီချစ်သူ...


ဘ၀လမ်းတွေကြမ်းပေမဲ့လည်း
အနားမှာမင်းရှိတယ်ဆိုတဲ့စိတ်က
ခွန်အားပြည့်စေပြီး
အရာရာရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီချစ်သူ...


အနေဝေးလို့ 
အကြင်နာတွေမပေးနိုင်ပေမဲ့
ရင်မှာကတော့
အလွမ်းဒဏ်ရာတွေနဲ့အပြည့်ပါ ချစ်သူ...


ဖူး



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိပ်စက်ခြင်း






     တစ်ခါကဖတ်ထားဖူးတဲ့စာလေးကိုသတိရတာနဲ့တင်ပေးလိုက်ပါတယ်...အိပ်မက်လှလှမက်ပါစေနော်
သူငယ်ချင်းတို့တွေလည်း


လူတော်တော်များများဟာ ညဘက်အိပ်မပျော်တဲ့ရောဂါခံစားရတတ်ပါတယ် အဲဒီလိုအိပ်မပျော်တဲ့သူတွေအ

တွက် ဒီအကြံပြုချက်လေးတွေက အသုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်

(၁)အိပ်ချိန်တွေကို အကြွေးမထားပါနဲ့။အိပ်ရေး ပျက်ခြင်းဟာ ဘီယာ အလွန်အကျွံသောက် သူတွေ လိုပဲသင့်

ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

(၂)နေ့ခင်းဘက်မှာ မိနစ်(၄၀)ခန့်အိပ်စက်အနားယူခြင်းဖြင့်အားအင်ပြည့်ဖြိုးပြီးအလုပ်အကိုင်တွေကိုအာရုံပို

စိုက်နိုင်ပါတယ်။

(၃)ကိုယ်ဝန်ဆောင်ကာလမှာအိပ်ချိန်ကိုပိုပြီးဂရုစိုက်သင့်ပါတယ်ဘယ်ဘက်ကိုစောင်အိပ်ခြင်းဖြင့်သင်နဲ့သင့်

ရင်သွေးငယ်တို့ရဲ့သွေးလည်ပတ်မှုကိုပိုမိုအားကောင်းစေပါတယ်။

(၄)အိပ်ချိန်နဲ့ကပ်ပြီးဗိုက်တင်းစေမယ့်အစာတွေမစားသင့်ပါဘူး။

(၅)ရေနွေးပူချိုးခြင်း၊aromatherapy၊တရားထိုင်ခြင်း၊ယောဂကျင်စဉ် ကျင့်ခြင်းစတာတွေ ကနှစ်ခြိုက်စွာ အိပ်

စက်နိုင်စေ ဖို့အထောက်အကူပြုပါတယ်။

(၆)အိပ်ခန်းဟာ အပူချိန်မျှတပြီး အလင်းရောင်တွေမ၀င်နိုင်အောင် ကာကွယ်ထားရပါမယ်။တီဗွီနဲ့ကွန်ပြူတာ

တွေကိုဝေးဝေးမှာထားရပါမယ်။

(၇)ပင်ပန်းတဲ့သူတွေဟာများများစာနိုင်ပြီးကိုယ်အလေးချိန်တက် တတ်ပါတယ်။အိပ်ရေးပျက်တဲ့သူတွေလည်း

ဒီလိုပါပဲ။တစ်နေ့ (၇)နာရီအိပ်သူ ဟာ(၈)နာရီအိပ်သူထက် ကယ်လိုရီ ၆%လောက်နေ့စဉ်ပိုစားတတ်ကြ

ပါတယ်။

(၈)မအိပ်ခင်မှာဆေး လိပ်မသောက် သင့်ပါဘူး။ဆေးလိပ်ဟာ ကဖင်းဓါတ်လိုပဲအိပ်ချင်စိတ် ကိုပျောက်ေ စ ပါ

တယ်။အကောင်းဆုံးကတော့လုံးဝဖြတ်လိုက်ပါ။

(၉)သင်လဲလျောင်းတွှဲအခါအစာအိမ်က အက်ဆစ်ေ တွကြောင့် Heart Burn ရတတ်ပါတယ်။ေ ခါင်း အုံးမြင်

မြင့်နဲ့အိပ်ရင်သက်သာပါတယ်။

(၁၀)အိပ်မပျော်ရင်တော့နံရံကိုကြောင်ကြည့်နေတာမျိုးမလုပ်ပါနဲ့။အိပ်ယာကထပြီးစာဖတ်၊တီဗွီ ကြည့်ပါ။ပင်

ပန်းလာမှ ပြန်အိပ်ပါ။

(၁၁)အရက်သောက်ရင်တော့မှောက်သွားမှာသေချာပါတယ်။ဒါပေမယ့် အိပ်ရေး၀၀ အိပ်ပျော်တာ မျိုးမဟုတ်

ပါဘူး။ဒါကြောင့်အိပ်ေ ပျာ်အောင် အရက်ေ သာက်တာမျိုးရှောင်သင့်ပါတယ် မအိပ်ခင်(၃)နာရီအတွင်းမ

သောက်သင့်ပါဘူး။

(၁၂)(၈)နာရီပြည့်အော င် အိပ်ပါ။(၆)နာရီပဲအိပ်လျှင်တော့ သွေးတိုးရောဂါခံစား ရဖို့အခွင်အလမ်း ၇၀% ပို

များပါသတဲ့။

(၁၃)နောက်တစ်နေ့အတွက် အလုပ် အစီ အစဉ်ေ တွကို နေ့လည် ကတည်း ကလုပ်ထားပါ။အိပ် ယာထဲ

ယူမလာပါနဲ့။

(၁၄)တစ်ယောက်တည်းစကားပြောတဲ့ကုထုံးကအိပ်မပျော်သူတွေအတွက်အထောက်အကူပြုပါသတဲ့ပြော

ကြည့်ပေါ့။

(၁၅)အိပ်ရေးဝတဲ့သူဟာ နှလုံးရာဂါ၊ဆီးချိုရောဂါနှင့်ကင်ဆာရောဂါတွေအဖြစ်နည်းပါသတဲ့။

(၁၆)ဘယ်လောက်ပဲပင်ပန်းပါစေ။ညနေ(၃)နာရီကျော်ရင်တော့ခဏတဖြုတ်အိပ်တာမျိုးမလုပ်သင့်ပါဘူး။

(၁၇)ထောပတ်သီးမှာပါတဲ့ Tryptophan ဆိုတဲ့ဓါတ်ပစ္စည်းက အိပ်ပျော်အောင်ကူညီပေးပါသတဲ့။ထောပတ်

သီးနေ့စဉ်စားကြပါစို့။

(၁၈)နေလယ်နှင်ညနေခင်းတွေမှာ ကိုယ်ကာယလေ့ကျင်းခန်းလုပ်ရင်ညဘက်ကောင်းကောင်းအိပ်ပျော်ပါ

သတဲ့။အိပ်ခါနီးမှတော့မလုပ်သင့်ပါဘူး။

(၁၉)ကိုယ်ဝန်ဆောင်ေ တွမှာတော့ ကာဗိုလ်ဟိုက်ဒြိတ်များ တဲ့ အစားအစာတွေကအိပ်ေ ပျာ်အောင် ကူညီ

နိုင်ပါသတဲ့။

(၂၀)အိပ်ယာကောင်းဖို့လည်းလိုပါသတဲ့။စိန်နှင်မြမှာသွားဝယ်ပေါ့။ဈေးတော့ကြီးတယ်။

(၂၁)အိပ်ဆေးတွေကိုသုံးမယ်ဆိုရင်တောင် (၅-၁၀) ရက်ထက်ပိုမသုံး သင့်ပါဘူးသ ဘာဝအတိုင်း အိပ်ပျော်

ရင်တော့အကောင်းဆုံးပေါ့။

နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ကြပါစေ။


                               ....................မှတ်သားထားတာတွေနဲ့ဖတ်မိတာလေးတွေကိုပြန်လည်မျှဝေ
ခြင်းသာဖြစ်ပါတယ်

                        ...................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

12/12/12ထူခြားတဲ့နေ့ လေးအမှတ်တရဆုတောင်း



ဒီနေ့ က 12/12/12 မှာ သူငယ်ချင်းတွေအတွက် အမှတ်တရဆုမွန်ကောင်း ၁၂ ခု

Today is 12/12/12 wish u have 12 wishes.
1.love(ချစ်ခြင်းမေတ္တာများကိုပိုင်ဆိုင်ပါစေ)
2.smile(ပြုံးပျော်ရွင်နိုင်ကြပါစေ)
3.healthy(ကိုယ်ကျန်းမာပါစေ)
4.wealthy(စိတ်ချမ်းသာပါစေ)
5.successful(အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေ)
6.beauty(ရုပ်ရည်ပိုမိုချောမောလှပပါစေ)
7.lucky(ကံကောင်းပါစေ)
8.dreamy(စိတ်ကူးသစ်များ၊အတွေးသစ်များ၊အိမ်မက်များ ရရှိပါစေ)
9.dream come true(ကိုယ်ပိုင်အိမ်မက်များ တကယ်ဖြစ်လာနိုင်ပါစေ)
10.lover(ချစ်သူရပါစေ)
11.happy(ပျော်ရွင်ပါစေ)
12.so happy..(အထက်ပါဆုတောင်းများနဲ့ ပြည့်စုံပြီး ထာဝရ ပျော်ရွင်နိုင်ပါစေ....)
ချစ်တဲ့ သူငယ်ချင်းအားလုံး ဒီရက်လေးကစပြီး ဆုမွန်ကောင်း ၁၂ခုနှင့် ပြည့်ဝပျော်ရွင်နိုင်ပါစေ...
ဒီနေ့ သူငယ်ချင်းတွေဆီကရတဲ့ message လေးပါ...

ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တောင့်တမူ(ဆန္ဒ)

ဒီလိုညမျိုးမှာ  
လရောင်လေးဖွေးဖွေး
  ကြယ်ေ၇ာင်လေးအေးအေးနဲ့
လှပနေတဲ့ညလေးတစ်ညမျိုးဖြစ်သင့်တယ်
ရာသီစက်ဝန်းလေးကလည်း 
ဆောင်းရာသီ    လေရှူးလေးတွေ
တသုန်သုန်တိုက်လို့      .......
  မှောင်ရီဝိုးတဝါး  လေဟာနယ်လွင်ပြင်ထဲမှာ
ငါ့တစ်ယောက်တည်းအထီးကျန်
မင်းလေး  ကိုအကြိမ်ကြိမ်သတိရလို့
အလွမ်းတေးလေးတွေကိုမိတ်ဖွဲ့
မင်းရေးပေးခဲ့တဲ့  ကဗျာလေးကိုဖတ်ရင်း
ငါ   မင်းကိုလွမ်းနေမိတယ်......
အေးစက်စက်အမှောင်ခန်းထဲက
ည.......ဟာ စိတ်ပျက်လက်ပျက်အိပ်မောကျနေလေရဲ့
ချစ်သူမင်းသိလား
ငါ့ရင်ထဲမှာ မင်းကိုလွမ်းလို့
မခံစားမိအောင်ငါနေရတာ
ခံစားနေရတာထက်ကိုပိုဆိုးနေမိတယ်

                            ...................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

A dream of you and me


ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တိမ်တွေနေတဲ့အရပ်

ဒီသီချင်းလေးထဲကလို 
တိမ်တွေနေတဲ့အရပ်ဆီကို နင် နဲ့  ငါ
လေတွေတိုက်တုန်းသွားမယ်ကွာ ဖတ်ထားပါ...
တုန်ရီနေတဲ့ငါ့လက်ကလေး နင်ကိုင်ထားပါ
ရင်ခုန်လွန်းလို့ ပါ...
ချစ်သူရယ်...
ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သခင့်အပါး


ချစ်သူ
မင်းသိပါ့မလား

ကြင်နာမှုထက်ပိုတဲ့

စာနာမှုတွေ

ချစ်ခြင်းထက်ခိုင်မြဲတဲ့

မေတ္တာတရားတွေ

တွယ်တာခြင်းထက်ပိုတဲ့

မြတ်နိုးခြင်းတွေ

နားလည်မှုထက်ပိုတဲ့

အလိုက်သိမှုတွေ

တန်ဖိုးတစ်ခုထက်ပိုတဲ့

လေးစားမှုတွေနဲ့

သခင့်အပါး

ခစားခွင့်မရှိရင်တောင်
ဟိုး အဝေးမှာပဲ
တိတ်တိတ်လေး အထီးကျန်
အခန်းကျည်းလေးထဲမှာ
ကိုယ့်တစ်ယောက်တည်း
နေပေးပါ့မယ်
ဘဝရဲ့နောက်ဆုံးထွတ်သက်ထိပေါ့

                          ........................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS