Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

မိတ်ဆွေစစ်

ကိုယ့်ဘ၀မှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက်
ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ?
 ကိုယ်နဲ့ အခုမှ
ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို
ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား...?
ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။

ကံတရားက ဆန်းကြယ်တယ်။
ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ
အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ
ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း
မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။
သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူရီးစားပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်
တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့
လိုပါလိမ့်မယ်။

ကံပါလို့ ငါတို့ တွေ့ဆုံကြတယ်။
ကံပါလို့ ငါတို့ ခင်မင်ကြတယ်။
ကံပါလို့ ငါတို့ စိတ်ကို ဖလှယ်ကြတယ်။
အတူနေတဲ့ တစ်စက္ကန့်လေးကို ငါတို့ တန်ဖိုးထားသင့်တယ်။
အခုလက်ရှိ အခြေအနေကို ပိုမြတ်နိုးသင့်တယ်။
ဒါမှ ဘ၀မှာ နောင်တဆိုတာ မရှိမှာ...

ကျွန်တော်ကတော့သူငယ်ချင်းဆိုတဲ့အဓိပ္ပါယ်ကိုဒီလိုမျိုးဖွင့်ဆိုခြင်တယ်
သူငယ်ချင်းဆိုတာ...
ချီးကျူး အားပေးစကား ပြောနိုင်တဲ့သူ ဖြစ်တယ်။
ဝေဖန် နှစ်သိမ့်မှုကိုလည်း ပေးတတ်တဲ့သူ ဖြစ်တယ်။

သာမန်သူငယ်ချင်းနဲ့အစစ်မှန်သူငယ်ချင်း

သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ
.... ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ.....?

သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။

သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ
ကူးထားတတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ
ပြန်တတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို
သူကိုယ်တိုင် ဖွင့်မယ်။

သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ
ရပ်စဲမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင်
သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။

သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။

လောကကြီးတွင်လူတစ်မျိုးရှိတယ်ဆိုတာကိုသူငယ်ချင်းတို့ယုံပါသလား...?

တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင်
အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင်
ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။



ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘ၀ဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။
ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့
ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး
ရေးမှတ်ခဲ့မိလဲ... ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ်
အမြဲရှိခဲ့သလဲ... ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။

လူ့ဘ၀ဆိုတာ ရထားတစ်စီးလိုပဲ... သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက
တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊
ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်
ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... မိတ်ဆွေဟောင်းတွေနဲ့
ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... အချိန်တွေရဲ့
အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ
တဖြေးဖြေးကျဲလာခဲ့တယ်။

ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ
ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း
ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက
အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ
ဘယ်နှစ်ယောက်ရှိလဲ... ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ် အမြဲရှိလဲ...
နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေ လူလောက
ကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။

လူတွေဟာ
အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆၀)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။

သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်အချိန်မှာ မျှော်လင့်ကြသလဲ... အကူအညီ
လိုအပ်မှ မျှော်လင့်တတ်ကြတာလား စိတ်အားငယ်နေချိန်မှာအနားမှာဖေးမကူညီမဲ့သူကို
မျှော်လင့်တာလား.....?


 အချစ်ဆိုတာဘာလည်း.....?

ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလို
ပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကို ကြည့်ပြီး စကားတွေ
ပြောနေတတ်တယ်။ တစ်နေ့တော့ သူက ပင်လယ်ကို ကြည့်ပြီး "ပင်လယ်... ငါမှာဖြင့်
နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကို
အချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့"
လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....

"ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား"

"ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"

"ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား"
"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို
ု ငါစောင့်နေတယ်"
လို့အဲလူကပြောလိုက်တယ်
ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်လာခဲ့တယ်။
လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ သူဟာလန့်ပြီး ထွက်ပြေးသွားခဲ့တယ်။
ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေ
ကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။

အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကို ချစ်တဲ့လူ
နောက်တစ်ယောက် ထပ်ရောက် လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး
ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။ တစ်နေ့မှာ သူလည်း ဟိုအရင်က
တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။
"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"

ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။
သူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့
နောက်ဆုံးမှာ ပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်က
ပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"

အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး
ယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။
ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်သွားတယ်။
လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရ
ပွေ့ဖက် လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာ အချစ်ကို
နားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ
လူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။

အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာ ကြာတော့ တစ်နေ့မှာ သူက
"ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်....
လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြား
အပြောင်းအလဲလေးတောင် မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကို
ထားရစ်ခဲ့ပြန်တယ်။ ပင်လယ်က အရမ်း စိတ်ထိခိုက်ပေမယ့်လည်း သူ့ကို
မတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကို
ချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...

" မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး...
ငါသိတယ်" တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။

" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်က တအံ့တသြ ပြန်မေးတယ်။

"သူတို့က နင့်ရဲ့ အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ...
နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့က
နင့်ကို နားလည်မယ်၊ တကယ်ချစ်တတ် ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့
အဖိုးတန်ရှုခင်း တွေဟာ သူတို့အတွက် နင်ဖန်တီးထားတယ် ဆိုတာကို
သူတို့ခံစားကြရမှာပေါ့"

တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေ မချစ်တတ်ခဲ့တဲ့ ပင်လယ်လား...? ဒါမှမဟုတ်
ပင်လယ်ကို မချစ်တတ်ခဲ့တဲ့ လူလား....?

ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေ မခံစားခဲ့ရတဲ့
လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင်
ပင်လယ် အောက် (အတွင်းစိတ်)က ရှုခင်းတွေကို ကြည့်ဖို့
ကိုယ်မထိုက်ခဲ့လို့ပဲ။

အချစ်ဆိုတာ ဒီလိုပဲလား....?
အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကို နားလည်ပေးတတ်တဲ့ လူကို ရှာရမယ်တဲ့။
အဲဒီလူက ခြောက်ပစ်ကင်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကို
နားလည်ပေးလို့ ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။

တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာ ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့ စကားမပြောသူ
ကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှား ကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို ရန်မရှာတတ်သူ
မိုင်ပေါင်းထောင်ချီဝေးနေလည်း ကိုယ့်ကို ယုံကြည်စိတ်ချသူ
ကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို ရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို ထုတ်ဖော်ပြောတတ်တဲ့သူ

တစ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ ခွင့်လွတ်ခြင်းတွေရှိရမယ်၊
အကြင်နာတွေ ရှိရမယ်။ ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ရာ
ခက်ကောင်းခက်လိုက်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရမယ်။
ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ ကိုယ်က သူ့နားလည်နိုင်တဲ့လူ
ဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။
        ကဲသူငယ်ချင်းတို့လည်း.......ဘဝမှာမိတ်ဆွေစစ်နဲ့အချစ်စစ်တို့ကို၇ှာတွေ့နိုင်ကျပါစေ
နော်    
           ဖတ်မိတာလေးတွေကိုပြန်လည်မျှဝေခြင်းတာဖြစ်ပါတယ်
                                       .............................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အခုတစ်လောလုပ်နေမိတာတွေ


တွေးမိနေတာက
တွေးတာတွေ များလွန်းလွန်းလို့ ဘာပြောရမှန်းမသိတာ အမှန်ပဲ အထူးသဖြင့်တော့ ရေးလက်စ စာ တစ်ပုဒ် အကြောင်းပါ ……

ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက
ကြိုးစားမှုမှာ အခုံမင်သေးဘူး မျောနေတုန်းပဲ …..
ဆုံးဖြတ်ချက် ခိုင်မာပြတ်သားမူမရှိဘူး တွေဝေတယ်။ ………..

ကျန်းမာရေး
အခုတစ်လော  ကျန်းမာေ၇းကတော့ဒေါင်ဒေါင်မြည်ပဲ  ညဆိုရင်လည်း၁၂  နာရီထိုးတာနဲ့မျက်လုံကမဖွင့်ခြင်တော့ဘူး
။ ဟိုတစ်နေ့ က ဦးလေးအိမ်ကိုသွားလိုက်တာဦးလေးက  ဂဏန်းဟင်းချက်နေတာနဲ့တန်းတိုးတာပဲ  စိတ်ထဲမှာစားခြင်နေတာအတော်ကြာပြီးလေ.....D;D;
အဲ...ဂဏန်းဆိုတော့မှကျွန်တော့်ချစ်သူကိုပြေးပြီးသတိရနေမိတယ်
သူလည်းအရမ်းကြိုက်တာလေဂဏန်းဟင်းကို     ....ဂဏန်းတစ်ကောင်ကိုသူငယ်ချင်းတစ်အုပ်အမဲဖျင်သလို
ဝိုင်းဝိုင်းလုစားကြတာကိုအမြဲပြောပြတယ်လေ  ဟိးဟီး


ဖတ်ဖြစ်တဲ့ စာအုပ်တွေ
အများကြီးပဲ  အဲအထဲမှာမှကျွန်တော်အကြိုက်ဆုံးကတော့   ဆရာနန္ဒေ၇းတဲ့.....လေရူးသုန်သုန်(ဘာသာပြန်စာအုပ်)ကိုဖတ်နေတာပါ
 ဆရာကြီးရဲ့ လေသံတွေ သဘောကျလွန်းလို့  အတု ယူ နေတာ….. ပညာရှိများ စကားအရာမှာ အင်မတန် သန်မာလှတယ်။ ဖျတ်လတ်တယ်။ ထိမိတယ်။
 ကျွန်တော် သေသေချာချာကို အရသာခံဖတ်နေတာ။ နောက် ဘလော့တွေလိုက်မွှေတယ်။ လည်တယ် ပတ် တယ် စာတွေ အတုယူတယ် မှတ်သားတယ်။ အားကျစရာတွေ ချည်းပဲ။
 အိမ်ပြန်လာရင် တနင့်တပိုးနဲ့ ။ တစ် ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို သူ့ ဟန် သူ့ မာန်နဲ့  ရေးနေလိုက်ကြတာ အားရစရာ ကောင်း လိုက်တာဗျာ ……


ရောက်ဖြစ်နေတာက
ဟဟ ….. ကွန်ပျူတာသာ ကောင်မလေးဆို ကျွန်တော်နဲ့  ညားတာကြာပေါ့ …… တစ်နေ့ တစ်နေ့ သူ့ မျက်နှာ လေးကြည့်ကြည့်ပြီး ကျေနပ်နေရတာ …….. :D
 အမစံပယ်,ကြည်ဖြူခင်ခင်,အမကြီးချစ်,နွေလ,ဧဒင်,နေမင်းဇွဲမာန်,စိန်ခဲ,နည်းပညာဥယျာဉ်,ကိုလွင်ပြင်

,အောင်သက်ခိုင်,သမီးတော်,မကြီးလွမ်းဘာလော့တွေထဲကိုအမြဲေ၇ာက်ဖြစ်နေတာ

နားထောင်ဖြစ်တာက
ဒီရက်ပိုင်းနားထောင်ဖြစ်နေမိတာက.............(Because you love me)သီချင်းလေးပါ
သီချင်းလေးကညိမ့်ညိမ့်လေးနဲ့အရမ်းကိုနားထောင်လို့ကောင်းတယ်

ရွတ်နေမိတာက
သံဗုဒ္ဓေ,မေတ္တာသုတ်တို့ကိုရွတ်ဖြစ်နေမိယ်

စားဖြစ်နေတာက
ထမင်းပါပဲ ကျန်တာ ဝယ်မစားနိုင်လို့  …… :D

သနားနေမိတာက
ကိုယ့်ဘဝ ကိုယ်မပိုင်တဲ့ သူတွေ …….

လွမ်းနေမိတာက
မြန်မာပြည်

မေ့လျှော့နေမိတာက
ဒီရက်ပိုင်းအတွင်းအကျီင်္တွေမီးပူမတိုက်ရသေးဘူး.....D;

ခါးသက်နေမိတာက
ဘဝ ( ဘဝဟာ လူတိုင်းအတွက် တစ်ချိန်ချိန်မှာတော့ ခါးသက်နေမှာပဲလေ …..)

တမ်းတနေမိတာက
အမေ့အိမ်က ငပိရည် နဲ့အမေချက်ကြွေးတဲ့ချည်ပေါင်ကြော် ….. :D …..လက်ဖက်ရည် ပေါ့စိမ့်တစ်ခွက်နဲ့
။ဟာသတွေ ပြောပြီး ရယ်စေတတ်တဲ့ သူငယ်ချင်းတွေ ၊ စိတ်အားငယ်ချိန်တိုင်းမှာအနားမှာ
အမြဲနေပြီးအားပေးတတ်တဲ့စကားလေးတွေနဲ့ချစ်စ၇ာအပြုံးတွေပြုံးပြတတ်တဲ့ကျွန်တော့်ချစ်သူ

ကြိတ်ပြီးချီးကျူးနေမိတာက
အမြဲတစေ အချိန်တိုင်းအားကြိုးမာန်တတ်နဲ့ကြိုးစားသူတွေ..............

ကြိတ်ပြီး အထင်သေးနေမိတာက
ကိုယ့်ကိုကိုယ်ပေါ့ ဗျာ ……….

ဆန္ဒမရှိတဲ့ နေရာ
မြန်မာပြည်ပြင်ပ ဘယ်နေရာမှ ဆန္ဒမရှိ မသွားလို မနေလို ….

ဆန္ဒ၇ှိ့ နေတဲ့ ကိစ္စ
လသာတဲ့ညတစ်ညမှာ   ကော်ဖီပူပူလေးစ်ခွက်ရယ်  အနားမှာချစ်သူနဲ့စကားတွေအများကြီးပြောခြင်တယ်...........D;D;

မုန်းတီးနေမိတာက
သေလောက်အောင် မုန်းတာဆိုလို့ မရှိပါဘူး ….

ချစ်နေတာက
ချစ်နေတာက ကျွန်တော့်မိသားစုနဲ့       ကျွန်တော့်ရဲ့ချစ်သူ.......ဟဟ ….:D

စိတ်ပျက်နေမိတာက
အသစ်ပြန်စရမှာကိုပါ …(ေ၇းလက်စစာတွေကစိတ်တိုင်းမကျလို့)……

စွဲလန်းနေမိတာက
စာရေးချင်နေတာပဲသူများတွေေ၇းသလိုမျိုး ……… ရေးလို့ မရဘူး

တောင်းနေမိတဲ့ ဆု
အမေနဲ့ အဖေ အသက် ရှည်ပါစေ ……

ဝန်ခံချင်တာက
ကိုယ်ပိုင်ဖန်တီး နိုင်တဲ့ စွမ်းအားတွေ မရှိသေးလို့  စုဆောင်းခြင်း အတုယူခြင်းဖြင့် စာရေးလျှက် ရှိပါကြောင်း…..
                                       
                                                       
                                                                                             ....................................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အားပေးဖော်

အချစ်ဆိုတာကို
ငါ့နှလုံးသားထဲမှာ လေးလေးနက်နက်
ခံစားမိလိုက်တဲ့   အချိန်ကျမှ
လွမ်းဆွတ်ခြင်းရဲ့   အရသာကို
ငါနားလည်လိုက်တယ်  ချစ်သူ
စိတ်အားငယ် ရှံးနိမ့်ချိန်တိုင်းမှာ
အနားမှာနေပြီး အားပေးတတ်တဲ့
ချစ်သူက ငါ့ဘဝအတွတ်
နေလို  လလိုပါပဲ
ဒို့    နှစ်ယောက်ရဲ့အချစ်က
ကဗျာဆန်ဖို့မလိုပါဘူး
သန့်ရှင်းတဲ့    ချစ်ခြင်း
ခိုင်မြဲသော  သစ္စာတွေနဲ့
ငါ့  ရင်ထဲမှာထာဝရ
ရှင်သန်နေမှာပါ
ယုံကြည်ပါ ချစ်သူရယ်
မင်းကိုချစ်တဲ့  ကိုယ့်ရဲ့ချစ်မေတ္တာတွေက
တစ်နေ့ထက်တစ်နေ့
ပိုပိုလို့တာတိုးလာတာမို့
နောင်သံသရာအထိ
ကြင်နာဦးမယ်    ချစ်သူ



                            ................အသည်းလေး



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Because you loved me

For My Love
ဒီသီချင်းလေးကိုဖူးအရမ်းကြိုက်တယ်...
ကို့ အတွက် ဖူးရဲ့ လက်ဆောင်ပေါ့...

ကို က
ချစ်နားမှာ အချိန်တိုင်း အမြဲရှိနေပေးခဲ့တယ်...
ချစ်ကို လမ်းမှန်ရောက်အောင်ပြပေးခဲ့တယ်...
ချစ်ဘ၀ထဲကိုပျော်ရွင်မှုတွေယူလာပေးခဲ့တယ်...
ချစ်အမှားတွေကိုအမှန်ဖြစ်အောင်ပြင်ပေးခဲ့တယ်...
ချစ်အိမ်မက်တွေကိုတကယ်ဖြစ်လာစေခဲ့တယ်...
အချစ်ဆိုတာကို ကို့ ဆီမှာရှာတွေခဲ့တယ်...

ကိုက
အတောင်ပံတွေပေးပြီး ချစ်ကိုပျံသန်းစေခဲ့တယ်...
ချစ်လက်ကိုကိုင်ပြီး ချစ်မမီနိုင်တဲ့ကောင်းကင်ကို ထိတွေစေခဲ့တယ်...
ချစ်ကျဆုံးချိန်တိုင်း အားသစ်ပြန်ပေးခဲ့တယ်...
ချစ်နားရပ်တည်နေပြီး ချစ်ကိုမားမားမက်မက်ရပ်တည်စေခဲ့တယ်...
ကိုပေးခဲ့တဲ့နေရက်တိုင်းအတွက် ကို့ ကိုအရမ်းကိုကျေးဇူးတင်မိတယ်ကိုရယ်...

ကိုက
ချစ်အားငယ်နေချိန်မှာ ချစ်အတွက်အားဖြစ်ပေးခဲ့တယ်...
ချစ်စကားမပြောနိုင်ချိန်မှာ ချစ်အတွက်အသံဖြစ်ပေးခဲ့တယ်...
ချစ်မမြင်နိုင်ချိန်မှာ ချစ်အတွက်အရာရာကိုကြည့်ပေးခဲ့တယ်...
ချစ်မရောက်နိုင်တဲ့အမြင့်ကို ကိုကမြှင့်တင်ပေးခဲ့တယ်...
ချစ်ဆိုတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်ဆိုတာ
ကို ချစ်ကို သိပ်ချစ်ခဲ့လို့ပါ...

ဖူးဘ၀မှာ ကို့ ကဖူးအတွက်
ယုံအကြည့်ရဆုံး၊အားအကိုးရဆုံး၊
အလေးစားရဆုံး၊အချစ်ရဆုံး
ဖူးဘ၀ရဲ့လက်တွဲဖော်ပါ...
ကို့ ကို ဖူးအရမ်းချစ်ခဲ့ တယ်...
အခု အရမ်းလည်းချစ်တယ်...
အရမ်းလည်းချစ်မယ်..



 ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငြိမ်းချမ်းရေး ကြော်ငြာစာတမ်း






ရန်ဖြစ်ပြီးမှ
ပြန်ချစ်ကြတာ
သဘာဝပါကွယ်။

စစ်ဖြစ်နေတဲ့ ကာလ
အချစ်မျက်ရည်တွေ
အခါခါကျတော့ ...
ရင်ထဲက
တသသ နာလွန်းတယ်။

မခွဲနိုင်မှန်း သိလျက်နဲ့
စကားနိုင်လု၊
သ၀န်တိုမှုတွေ
တဖြည်းဖြည်းစု

စိုးရိမ်ပူပန်မှုတွေ က...
မြင့်သထက်မြင့်
ရန်ဖြစ်တဲ့ အဆင့်ကို
မာန်ဝံ့ပြီး တက်ခဲ့ကြတာ
ဘယ်သူမှားသလဲကွယ်။

အချစ်ရယ်...
ရန်မဖြစ်ကြေး
ပြန်စစ်ဆေးကြမယ်ဆိုရင်...
နင်လည်း .. နာ ၊ ငါလည်း ..နာ
နင်လည်းလွမ်း ... ငါလည်း လွမ်း
နင်လည်း ...ငို၊ ငါလည်း...ငို
ကမ္ဘာပြိုမတတ်ပါဘဲကွယ်။

ချစ်သူ အချင်းချင်း
တိုက်တဲ့စစ်
မုန်းလို့မှ မဖြစ်ဘဲ။

မုန်းမေ့လို့ မရကြမယ့် အတူတူ
( စစ်မဖြစ်ကြေး )
ဟော့ဒီ အချစ်လက်ရေးနဲ့
( ငြိမ်းချမ်းရေး သ၀ဏ်လွှာလေး)
နင့်ကို ...ပေးလိုက်ပါရစေ။

နေ့လည်း... လွမ်း ၊ ညလည်း ...လွမ်း
မျက်ရည်တစမ်းစမ်း နဲ့
ရန်ဖြစ်ပြီးမှ၊ ပြန်နမ်းမိတဲ့ ...အနမ်း
ငါ့ရင်ထဲ
ပိုလွမ်းသွားရပြန်ပြီကွယ်။

မောင်လှမျိုး(ချင်းချောင်းခြံ)

   
                     ..........အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အနမ်းတစ်ချက်ရဲ့စွမ်းအား

ကဲ  သူငယ်ချင်းတို့ေ၇သူငယ်ချင်းတို့မှာေ၇ာ
 ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး
နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို
အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။p;p;p;
 ကဲ … စိတ်ဝင်စားတယ်ဆိုရင်
အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ
ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု
ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ
ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို
ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို
 သင်ကရော ဘယ်လိုမျိုး
ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ်
ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး
ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့
တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း
ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။
အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …


 ၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့
သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။
ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး
သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

 ၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့
ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က
လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ
ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး
ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့
ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို
ပိုပြီးကောင်းလာစေပါတယ်။

 ၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။
(၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့
အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင်
ရည်းစားကို များများနမ်းကြပါ။

 ၄။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့
ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း
ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က
ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့
သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး
သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။
ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ
ကုထုံးတစ်ခုပါပဲ။

 ၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ
သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ
မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ
သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ
တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး
ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ
ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။
ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက
နာမည်ပေးထားပါတယ်။





၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင်
စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင်
ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့
ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။
အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ
တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့
ဆိုပါတယ်။

 ၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။
အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။
နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။

ကဲ....သူငယ်ချင်းတို့အားလုံးလည်းအနမ်းတစ်ချက်ရဲ့စွမ်းအားဘယ်လောက်ကြီးလည်းဆိုတာ
ကိုသိကြပြီးလို့ထင်တယ်နော်...p;p;p;
ဖတ်ခဲ့ဖူးတဲ့စာကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်
ချစ်သောသူငယ်ချင်းအားလုံးလည်းပျော်ရွင်ကျပါစေဗျာဆုတောင်းပေးလိုက်ပါတယ်
                        ..................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လက်ထက်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ


ကဲ…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ်
လိုက်ပါ...
  လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ကိုကြောချင်းထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်...
  ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ။

  ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။
 
1.  လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
       လက်မကိုခွါလို့ ရပါတယ်...
       လက်မဆိုတာ မိဘကိုဆိုလိုတာပါ...
       လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ်...
       ဒါကြောင့်    ခွါလို့ရတာပါ။
 
  2.  နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
       လက်ညှိုးကတော့ ညီအကိုမောင်နှမ ကိုဆိုလိုတာပါ...
       သူတို့တွေလည်း သူ့အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။
 
  3.  နောက်ပြီး လက်ခလယ်ကတော့ ကိုယ်ကိုတိုင်ပဲဖြစ်တယ်... ( ဒါကြောင့်ဘာမှလုပ်စရာမလိုပါဘူး )
 
  4.  နောက်လက်ညှိုးနဲ့လက်မတွေကိုပြန်ထိထားပြီး...
       လက်သန်းလေးကို ထပ်ခွါကြည့်ပါ...
       ဒါကတော့ သားသမီးတွေပါ...
       သူတို့လည်း ခွဲခွါကြမှာပါ။

  5.  ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ...
       ခွါလို့ရလား...
       ခွါလို့မရဘူးမဟုတ်လား...
       ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပဲဖြစ်တယ်...
       ဒါကြောင့် လက်ထပ်လက်စွပ်ကို လက်သကြွယ်မှာဝတ်ရခြင်းဖြစ်တယ်။
ကဲသူငယ်ချင်းတို့အားလုံးလည်းဘာလို့လက်ထပ်လက်စွပ်ကိုလက်သူကြွယ်မှာဝတ်ရတာလည်းဆိုတာ
သိလောက်ပြီးပေါ့နော်   အချစ်စစ်ဆိုတာခွဲလို့မရပါဘူး

ဖတ်မိတာလေးတွေကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျား
မိတ်ဆွေသူငယ်ချင်းတွေအားလုံးလည်းပျော်ရွင်ကျပါစေလို့ဆန္ဒပြုလိုက်ပါတယ်

                                                               .........အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

For My Love




ကို့ အတွက်ရင်ထဲကစကားတွေကိုသီချင်းလေးနဲ့ပြောလိုက်တယ်...
ဒီသီချင်းလေးကိုဖူးအရမ်းကြိုက်တယ်...ကို့ ကိုအရမ်းချစ်တယ်...

  ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အလွမ်းရဲ့ည

   
 လကလည်း  ငါ့ကောင်းကင်မှာ
ထိန်ထိန်ကိုသာလို့
ဒီလိုညတွေမှာ ချစ်သူ
မင်းကိုလေ ငါ့အနားမှာ
ရှိစေခြင်တာ အမှန်ပါ
ဘာလို့ဆိုတော့  ငါ့ရင်ဘတ်
ထဲကနှလုံးသားက    ချစ်သူ
မင်းကိုတမ်းတနေမိလို့ပေါ့
မင်းရဲ့အနမ်းနဲ့  ငါလေ
တစ်သက်စာ  ထာဝရ
ရှင်သန်လို့ နေမှာ
အခုတော့
လမင်းကြီးကလည်းထိန်ထိန်သာလို့
လေပြည်လေးရယ်
မတိုက်ပါနဲ့လား ချစ်သူရဲ့ရနံ့မပါရင်
ငါတစ်ယောက်တည်း
အားငယ်နေမိလို့ပါ

          ................... အသည်းလေး 
                      

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS