Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

Happy Birthday သည်းဆု

ချစ်သူငယ်ချင်း သည်းဆုရဲ့  ၂၃ နှစ်ပြည့်မွေးနေ့ မှာ
လိုအင်ဆန္ဒအားလုံးပြည့်စုံပြီး ဘ၀တလျှောက်လုံး အောင်မြင်မှုများ ရရှိနိုင်ပါစေ...
ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့တစ်ထပ်လည်းကျပါစေလို့  ဖူးဆုတောင်းပေးလိုက်ပါတယ်...

Happy Birthday သည်းဆု


မွေးနေ့မှာသူငယ်ချင်းတွေအတူရှိမနေပေမဲ့အတူရှိခဲ့တဲ့အဖြစ်အပျက်လေးတွေကိုသတိရရင်းလွမ်းနေမိတယ်..

မှတ်မီဦးမလား သူငယ်ချင်းတို့ရေ...
မိုးထဲက တစ်ညနေ
မိုးကာတွေဖယ် ဆိုင်ကယ်လျှောက်စီး
စိုရွှဲရေနဲ့ ကော်ဖီသောက်ခဲ့
သရ၀ဏ် ဆိုင်ကိုလွမ်းတယ်...

တွေးမိတိုင်း ရီနေမိတယ်...
အကြော်စား၊တံတားသွားဖို့ 
ဆိုင်ကယ်ကမလောက်၊
၃ ယောက်စီး ၊ဦးထုပ်မပါ နဲ့ 
ဘဲဥဖမ်းလို့  စပ်ဖြဲဖြဲငိုပြ
ဝှီးတက်ပြန်ယူခဲ့ ရတဲ့
တောင်ပေါ်လမ်းကိုလွမ်းတယ်..


ရေသန့်တစ်ဘူးနဲ့ သီချင်းဆိုခဲ့တဲ့
စားသောက်ဆိုင်...
ဗိုက်ချောင်အောင် လမ်းပတ်လျှောက်စားခဲ့တဲ့ 
နောင်ရိုး နဲ့ မန်းဆန်သူ...
ဂဏန်းတစ်ကောင်ကို အမဲဝိုင်းဖြတ်ခဲ့ကြတဲ့ 
IDEA...
ငါသတိရနေဆဲပါပဲ....

အသည်းကွဲသူအတွက်ရည်ရွယ်ခဲ့တဲ့
New Year ည...
သူငယ်ချင်းငါးယောက်တူတူအိပ်ခဲ့ကြတဲ့
TWY+KTH လက်မှတ်ထိုးတဲ့ ည...
ငါ့မွေးနေ့မှာ ပိုက်ဆံတွေချပြီး
ကောက်သူလိုက်ချောင်းခဲ့ရတဲ့ ဘ၀...
အသည်းသကြားလုံးတွေ
စက်ဘီး၊ဆိုင်ကယ်တွေမှာလိုက်ကပ်ခဲ့တဲ့
ကျောင်းသူဘ၀...
ငါအားလုံးကိုအရမ်းလွမ်းတယ်ဟာ...

တစ်နေ့မှာ ငါတို့သူငယ်ချင်းငါးယောက်အတူတူပြန်ဆုံကြမယ်နော်....
သူငယ်ချင်းအားလုံးကိုသတိရလျှက်
ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အလွမ်းနေ့ရက်


ချစ်သူ
ကောင်းကင်မှာလည်းမိုးသားတွေအုံ့ဆိုင်းလို့
အတူတူ၇ှိခဲ့တဲ့နေ့ရက်တွေကို
ငါအရမ်းသတိရလိုက်တာ
အဲဒီနေ့မှာ
မင်းလည်းပျော်နေခဲ့တယ်
မိုးရေထဲနှစ်ယောက်အတူတူ
ပျော်ခဲ့ကျတယ်နော်
တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်တွဲလို့
မိုး၇ွာတဲ့အခါမင်းလေးပျော်ခဲ့တယ်နော်
အိပ်ပြန်ချိန်မှာ
သူ့လက်ဖဝါးလေးတွေလည်း
အရမ်းကိုအေးစက်လို့
နုတ်ဆတ်ချိန်မှာငါ့ရင်ထဲမှာ
အ၇မ်းအထီးကျန်နေမိတယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

့Happy Birthday

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အလွမ်းမျက်ရည်

ချစ်သူ
ဒီအချိန်မှာငါဟာ
တစ်ယောက်တည်းအထီးကျန်
လွမ်းစ၇ာလေးတွေနဲ့
မေ(၇)ရက်...
မခွဲခွါနိုင်ပေမယ့်
ညိုးငယ်သောမျက်ဝန်းလေးတွေနဲ့
နုတ်ဆက်ထွတ်ခွါသွားတဲ့
ချစ်သူကို
ငါ့နှလုံးသားက
ခါးသီးစွာပြုံးနေပေမယ့်
နှလုံးသားမှာမျက်ရည်မိုးတွေ
ရွာနေတာကိုသူမသိခဲ့ပါဘူး
နွေးထွေးတဲ့အနမ်းနဲ့
ကျင်နာယုယမူတွေက
ငါ့  အတွတ်တော့
အမှတ်တရပါပဲ
ချစ်သူရယ်............

                                          အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမှတ်တရနေ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပေးဆပ်ခွင့်သက်ဆုံးတိုင်

ချစ်သူ
ဒီကမ္ဘာနေ့သစ်တွေက...ကာရန်မဲ့
အလင်းေ၇ာင်မဲ့တဲ့......ဒီရင်ခွင်
ငြိမ်းချမ်းမူမပေးနိုင်တဲ့......ခိုလှုံခွင့်
မပြည့်စုံသော.....အရည်အချင်း
ဆန္ဒတွေကို....လစ်လှူရှု့
အချစ်ဆိုတဲ့
ရယူပိုင်ဆိုင်ခြင်းရဲ့နောက်ကွယ်က
စွန့်လွတ်အနစ်နာခံခြင်း
ရင်ကွဲမတတ်...အချစ်မီးတွေ
တောက်လောင်ကျွမ်းနေလည်း
ေ၇ွှေ၇ာင်တောက်ပ.....မင်းရဲ့ဘဝ
အလှတရားကို.....မခူးချွေရက်လို့
နာကျင်မူတွေကိုမြိုသိပ်
ပေးဆပ်ခွင့်အဆုံးသတ်တိုင်
ခွန်အားကြီးမားတဲ့အလင်းသစ်မှာ
ပျော်စေဖို့.........မင်းရဲ့ဘဝ
သာယာချမ်းမြေ့စွာလုံခြုံဖို့အတွတ်
ပိုင်ဆိုင်မူ........နောက်ဆုံးထွတ်သက်အထိ
ငါ့၇ဲ့နှလုံးသားတစ်ခုလုံးကို
စတေးလိုက်ပါပြီး
ချစ်သူရယ်.....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပြောင်းလည်းမသွားတဲ့ချစ်ခြင်း

ချစ်သူ........
                                    ဘယ်ကိုဘဲသွားသွား
                                    ဘယ်အ၇ပ်မှာေ၇ာက်ေ၇ာက်
                                   ၇က်တွေသာပြောင်းလဲသွားမယ်
                                    ကိုယ့်..........၇ဲ့အချစ်တွေ
                                   ပြောင်းလဲမသွားဘူး
                                  ချစ်လို့နေမယ်
                                  တနယ်၇ပ်ခြား
                                 ဝေးမြေသွားလည်း
                                အလွမ်းများစွာနဲ့
                              ချစ်လို့နေမယ်
                                ချစ်သူရယ်.....

                                                      အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သနပ်ခါး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်သူသိစေ

ချစ်သူ
အနေဝေးလို့နေလည်း
မတွေ့ရတဲ့နေ့ရက်တိုင်းမှာ
အလွမ်းများစွာနဲ့...'မင်းလေး'
ငါ့ကိုအမြဲစိုးမိုးလို့နေတယ်
အိပ်မရတဲ့ညတိုင်းမှာ...ငါဟာ
မင်းအကြောင်းစဉ်းစားရင်း
နှလုံးသားထဲကအလွမ်းတွေကို
ချစ်သူ...သိအောင်
ပြောပြခြင်တယ်
ချစ်သူရယ်.......

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မင်းနဲ့အတူတူ

ချစ်သူ
ငါ့ရဲ့ကောင်းကင်မှာတော့
မိုးသားတွေဆိုင်းလို့
သတိရနေမိတယ်
အဲဒီမေ(၇)ရက်နေ့လေးမှာ
မင်းနဲ့အတူတူမိုးေ၇ထဲမှာ
ပျော်ခဲ့ကျတာကို
လွမ်းနေမိတယ်
ချစ်သူလက်ကိုဆွဲလို့
လောကကြီးကိုခဏ
မေ့ထားခဲ့ကျတယ်
ငါတို့နှစ်ယောက်လုံး
အရမ်းလွမ်းတယ်
ချစ်သူရယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Be With You(မင်းနဲ့အတူတူ)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင်



လူတိုင်းကိုယ့်ချစ်သူနဲ့အတူနေချင်ကြတယ်..အကြောင်းအမျိုးမျိုးကြောင့်မနေနိုင်တဲ့သူတွေအတွက်ချစ်သူတို့
ချစ်သက်တမ်းပိုရှည်ကြာအောင်နေနိုင်မဲ့နည်းလေးတွေရေးလိုက်ပါတယ်.....

1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို မလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို
     မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။

သူငယ်ချင်းများအားလုံးကိုယ်ချစ်တဲ့လူနဲ့အေးချမ်းစွာအတူနေနိုင်ကြပါစေ.......

ဖူး (သူတို့ ရေးတဲ့ အချစ်ဒသန)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒီလိုချစ်နိင်ရဲ့လား.....

ဖူးကြိုက်တဲ့ပုံပြင်လေးပါ...
ဖတ်ပြီးသားသူတွေလည်းရှိမှာပါ...
မဖတ်ရသေးတဲ့သူတွေအတွက်အသစ်ပေါ့....

အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?

သူငယ်ချင်းများအားလုံးကိုယ်ချစ်တဲ့လူနဲ့အေးချမ်းစွာအတူနေနိုင်ကြပါစေ.......

ဖူး




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS